မေလ ၈ရက်နေ့ ညကဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါ လေယာဉ်ကတော့ မနေ့က ည(၁၈း၅၂) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပျံသန်းလာသော လေယာဉ်တစ်စီး ပြေးလမ်းချော်၍ လေယာဉ်ပျက်ကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ၎င်းလေယာဉ်ပျံကတော့ Biman DASH8- Q400 Airline ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်တွင်စုစုပေါင်း လူဦးရေ ၂၇ ယောက်အထိပါဝင်ခဲ့ကြောင်း သိရပါတယ်။  

ရန်ကုန်လေဆိပ်သို့ဆိုက်ရောက်စဉ် ရာသီဥတုအခြေနေမကောင်းတာကြောင့် Arrival time ဆိုက်ရောက်ချိန် (6:50) pm မှာပဲ Accident တစ်ခုဖြစ်ကာ Cargo Terminal နားတွင် ပြေးလမ်းချော်၍ လေယဉ်ကိုယ်ထည်သုံးပိုင်းကျိုးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် လေယဉ်ကပ္ပတိန် ဦးခေါင်းကွဲသွားပြီး ကျား(၄)ဦး၊ မ (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။  

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်ကြောင့် အခြားလေယာဉ်တွေပျံတက်ဖို့ လောလောဆယ်ပြေးလမ်းပိတ်နေပြီး ရန်ကုန်လေဆိပ်သို့ဆင်းသက်ရမယ့် လေယာဉ်တွေဟာလည်း ဆင်းသက်လို့မရခြင်းကြောင့်လမ်းခွဲပြီး ပြည်တွင်းလေယာဉ်တွေက နေပြည်တော်ကိုပြန်လှည့်သွားကြပြီး ပြည်ပလေယာဉ်တွေက ထိုင်းနိုင်ငံ ချင်းမိုင်ကို ပြန်လှည့်သွားခဲ့ရောကာင်း သိရပါတယ်။ မနေ့ညကဖြစ်ပွားခဲ့တဲ့အဆိုပါဖြစ်စဉ်ပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - BANGLADESH AVIATION HUB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။