Myanmar Idol Winner သားငယ်ကတော့ ဒီနှစ်သင်္ကြန်မှာ သူ့အိပ်မက်လေး ပြီးပြည့်စုံသွားပြီလို့ဆိုပါတယ် ။

သူ့အိပ်မက်ကတော့ သင်္ကြန်မှာ ချစ်တဲ့သူတွေနဲ့ အတူတူသီချင်းဆိုချင်တာပါတဲ့ ...

ဒီနှစ်သင်္ကြန်မှာ Sky Net မဏ္ဍပ်မှာသီဆိုဖျော်ဖြေမှာဖြစ်တဲ့ သားငယ်က ချစ်ရတဲ့သူတွေနဲ့ အတူတူဖျော်ဖြေရမှာပါလို့ပြောပါတယ် ။

“သင်္ကြန်ကတော့ ကျွန်တော် Sky Net မဏ္ဍပ် မှာရှိပါတယ်။ သင်္ကြန်ဆိုရင် ခါတိုင်းနှစ်တွေကတော့ ခုလိုသီချင်းမဆိုရဘူး ချစ်တဲ့သူတွေနဲ့အတူတူသီချင်းဆိုချင်တာ အိမ်မက်ပေါ့လေ အိမ်မက်လေးပြည့်ဝလာတာပေါ့ ကြည့်ရတဲ့သူတွေ အဆင်ပြေအောင် ကြိုးစားပြီးဖျော်ဖြေပေးပမယ်။ အခွေကထွက်လာပါလိမ့်မယ် သိပ်နောက်မကျပါဘူး သင်္ကြန်ပြီးရင်တော့လုပ်ဖြစ်မယ် ထင်ပါတယ်”

သားငယ်ရဲ့ ပရိတ်သတ်တွေ အားပေးဖို့ အသင့်ပြင်ထားတော့နော် ...

Source : myanmar celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။