ပြီးခဲ့တဲ့ ရက်ပိုင်းက စပြီး ဆီးရီးယားစစ်တပ်ဟာ သူပုန်တွေ ခြေကုပ်ယူထားတဲ့ နောက်ဆုံးလက်ကျန်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

သူပုန်တွေ ခြေကုပ်ယူထားတဲ့ အီဒလစ်ဒေသဟာဆိုရင်လည်း ပဋိပက္ခတွေများစွာဖြစ်ပေါ်ရာဒေသတစ်ခုဖြစ်တာကြောင့် ဒါဟာ ဆီးရီးယားအစိုးရကို ထိခိုက်နစ်နာမှုတွေ များစွာဖြစ်ပေါ်စေပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့လည်း သူပုန်တွေခြေကုပ်ယူထားတဲ့ ၎င်း အီဒလစ်ဒေသ နဲ့ ဟားမား ဒေသတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေစတင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း ဆီးရီးယားအစိုးရရဲံ လေကြောင်းကနေ ရဟတ်ယာဉ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

၎င်းဗီဒီယိုထဲမှာဆိုရင်လည်း ဆီးရီးယားစစ်တပ်တွေဟာ သူပုန်တွေခြေကုပ်ယူထားတဲ့ ဒေသထဲက နေရာတော်တော်များများကို ဗုံးကြဲတိုက်ခိုက်နေတာတွေ့ရပါတယ်။

ပရိသတ်တွေအတွက် ၎င်းဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

VIDEO CREDIT - WION

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။