သူမရဲ့နာမည်ကတော့ နမ့်ဖိန်ဖြစ်ပြီး သူမဟာ ရှမ်းလူမျိုးမိဘတွေကနေ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။

နမ့်ဖိန်ရဲ့ မိဘတွေကတော့ ထိုင်းနိုင်ငံမှာ ဆယ်နှစ်ခံတောင်ပေါ်သားကတ်ကိုင်ပြီးနေတဲ့ ရှမ်းလူမျိုးတွေဖြစ်ပြီး သူမကို ထိုင်းနိုင်ငံမှာပဲ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

နမ့်ဖိန်ဟာ ငယ်ငယ်လေးထဲက ပညာရေးမှာထူးချွန်လှသလို လက်ရှိအချိန်မှာလည်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က ဒမ်ရှမ်းရာ့ချ်ပရဟိတကျောင်းမှာ အထက်တန်းပညာ တက်ရောက်သင်ကြားနေတာပဲဖြစ်ပါတယ်။

နမ့်ဖိန်ဟာ သိပ္ပံတီထွင်မှုပိုင်းဆိုင်ရာမှာ ထူးချွန်လှတဲ့ ကျောင်းသူတဦးဖြစ်တာကြောင့် သူမဟာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် Intel International Science and Engineering Fair 2019 သိပ္ပံပြိုင်ပွဲကို ထိုင်းနိုင်ငံ ကိုယ်စားပြု လူငယ်အဖွဲ့နဲ့အတူ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

သို့ပေမယ့် စိတ်မကောင်းစရာတခုက သူမဟာ ငယ်ငယ်လေးထဲက ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းလာပေမယ့် အခုအချိန်ထိ သူမဟာ ထိုင်းနိုင်ငံသားတစ်ယောက် မဖြစ်သေးပါဘူး။

သို့ပေမယ့်လည်း ထိုင်းတာဝန်ရှိသူတွေဟာ သူမအတွက် ကြိုးစားပြီး ပြည်ပထွက်ခွာနိုင်အောင် ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် အမေရိကန်သံရုံးကတော့ သူမရဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို ပယ်ချပြီး ဗီဇာထုတ် ပေးဖို့ကို ငြင်းဆိုခဲ့ပါတယ်။

ဒါ့ကြောင့် အခုဆိုရင် သူမဟာ သိပ္ပံတီထွင်မှုပိုင်းဆိုင်ရာမှာ ထူးချွန်တဲ့ကျောင်းသူးလေး တစ်ဦးဆိုပေမယ့်လည်း အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် Intel International Science and Engineering Fair 2019 သိပ္ပံပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြီုင်လို့ မရနိုင်တော့ပါဘူး။

ဒီအချိန်မှာ ဗီဇာရရှိခဲ့မယ်ဆိုရင်တောင် သူမဟာ လာမယ့် မေလ ၁၂ ရက်နေ့ကနေ ၁၇ နေ့ထိ ကျင်းပမယ့် ၎င်းပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မမှီနိုင်တော့ပါဘူး ။

သူမလိုထူးချွန်တဲ့ ကျောင်းသူလေးတွေအတွက် အခုလိုအခွင့်အရေးကြီးတစ်ခုကို ဆုံးရှုံးလိုက်ရတာက သင်ခန်းစာလည်းရသလို စိတ်မကောင်းလည်း ဖြစ်ရမယ်လို့ ထင်ပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။