၂၀၁၇ ခုနှစ် ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၇ နိုင်ငံမှ စစ်တုရင် ချန်ပီယံပေါင်း ၆၄ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာမြန်မာနိုင်ငံသား ဝင်းထွန်းကချယ်ပီယံဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်….

“ နိုင်ငံတကာမှ Miss ခေါင်းစဉ်အမျိုးမျိုးနဲ့သွားပြိုင်လာကြတဲ့အလှမယ်တွေ

ဘာတွေကိုတော့ လေဆိပ်မှာ ကြိုကြတာပျားပန်းခတ်၊ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင်သမားကိုတော့ သူ့မိန်းမ၊ကလေးနဲ့ မိတ်ဆွေရင်း လက်တစ်ဆုပ်စာကလွဲပြီး ကြိုသူမရှိ။

တော်တော် အသည်းပေါက်ဖို့ ကောင်းတဲ့ တိုင်းပြည်။

ပြောပြန်ရင်လည်း............” ဆိုပြီး အမိမြေသို့ပြန်လာတဲ့

၂၀၁၇ ခုနှစ် ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲပထမဆုရရှင် မြန်မာနိုင်ငံသား ဝင်းထွန်းနှင့်သူ့မိသားစုပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာစိတ်မကောင်းစွာတွေ့ရပါတယ်။ 

မြန်မာနိုင်ငံသားဝင်းထွန်းသည် ပွဲစဉ် ရှစ်ပွဲယှဉ်ပြိုင် အပြီးတွင် ထိပ်ဆုံးနေရာက ဦးဆောင်နိုင်ခဲ့သလို ကိုးပွဲမြောက်ပွဲစဉ်ကို အနိုင်ယူ၍ ချန်ပီယံအဖြစ် ဆုချီးမြင့်ခြင်းခံရတာပါ။အဆိုပါပြိုင်ပွဲတွင်

အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ပီရူး၊ ရုရှား၊ ဆားဘီးယား၊ ဆလိုဗက်ကီးယား၊ ယူအေအီးနှင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ဆိုက်ပရပ်စ်၊ အီကွေဒေါ၊ အီဂျစ်၊ အင်္ဂလန်၊ အက်စ်တိုးနီးယား၊ ဂျာမနီ၊ ဂရိ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အီတလီ၊ ကာဇက်စတန်၊ မော်ရိုကို၊ မွန်ဂိုလီးယား၊ မြန်မာကိုယ်စားပြု ကစားသမားများက အိတလီနိုင်ငံစပိုလီတိုမြို့တွင် ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

Source: Via Ye Lin Aung & Liw Oo FB

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။