ပိုပိုကတော့ သူမရဲ့ အနုပညာကြေးတွေနဲ့ April 10 ရက်နေ့ ဝါးတစ်ရာ မှာ တည်ထားကိုးကွယ် မဲ့ ဘုရား အတွက် သိန်း ၅၀ နဲ့ ဒုလ္လဘ ရဟန်း အပါး ၂၀ စာ အတွက် ၁ဝသိန်း နှင်တကွ ဘုရား ဌာပနာ မှာ ရွှေ FM ဆုရထားတဲ့ အထဲက ရွှေ ၁ကျပ်သားနီးပါး ရှိတဲ့ ရွှေ ၂ပြား နဲ့ ရွှေပန်းခိုင် များ လှူဒါန်းခဲ့ပါတယ် ။

အဲဒီအလှုပွဲကိုတက်ရောက်လာခဲ့တဲ့ ဇေယျကလဲ သဒ္ဒါပေါက်ပြီး ဝတ်လာတဲ့ နားကပ်လေး ချွတ်လှုသွားလို့ ပိုပိုခမျာ ဝမ်းသာအံ့သြသွားရှာပါတယ်တဲ့ ။

ဇေယျအပြင် ပိုပိုရဲ့ အဒေါ် နီလာ လက်စွပ် ၊ တူလေးက သူဝတ်ထားတဲ့ လက်စွပ်လေး ၊ အိမ်အကူညီမလေးကလဲ သူ့လက်စွပ်လေး ချွတ်လှုခဲ့တာမို့

ပိုပိုက ပီတိဖြစ်ပြီး ဝမ်းသာနေတာပါ ။ ပရိတ်သတ်အားပေးမှုကြောင့်ရလာတဲ့ ငွေတွေနဲ့လှုတာမို့ ပွဲစီစဉ်သူတွေ ပွဲခေါ်သူတွေ ပရိတ်သတ်တွေ အားလုံးရဲ့ အလှူပါ ။ အားလုံးလဲ ကျန်းမာ ချမ်းသာကြပါ စေ ကျေးဇူးလဲတင်ပါတယ်ရှင် လိုက်ကူညီပေးတဲ့ ကိုဇေယျ ကိုလဲ ကျေးဇူးပါ ။ လို့လဲ ပြောသွားပါတယ် ။

ပိုပိုရဲ့ပီတိဖြစ်စရာ အလှုလေးကို သာဓုခေါ်ပါတယ်နော် ။

Source : Po Po 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။