ကမ္ဘာပေါ်မှာ အခုနောက်ပိုင်း နိုင်ငံတော်တော်များများ ကြုံတွေ့နေရတဲ့ ပြသနာကတော့ အလုပ်အရမ်းလုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ အလုပ်အရမ်းလုပ်တဲ့အတွက် ဝန်ထမ်းတွေဟာ ဦးနှောက်အာရုံကြောနဲ့ ပတ်သက်ပြီး ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်များက ပြောပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း ယခုအခါမှာ ဒီလိုပြသာနာ တွေနဲ့ ကြုံတွေ့နေရပြီး အလုပ်သမားများရဲ့ ကျန်းမာရေးအတွက် ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားလာခဲ့ကြပါတယ်။ အခုအခါမှာ ဆိုးလ်မြို့တော်ရဲ့ တာဝန်၇ှိသူတွေက အလုပ်သမားတိုင်းအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းလေးကတော့ အလုပ်မှာ အချိန်ပို အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ ကွန်ပျူတာကို အလိုအလျောက်ပိတ်ပေးမယ့် စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ကွန်ပျူတာ ရဲ့ System ကို အချိန်နာရီအသေနဲ့ ပြုလုပ်ထားပြီး အလုပ်ချိန်ကျော်သွားတာနဲ့ အလိုအလျောက်ပိတ်သွားမှာပဲ ဖြစ်ပါတယ်။ဒီနည်းလမ်းကို မတ်လ ၃၀ရက်နေ့မှာ စတင်မှာဖြစ်ပြီး ည၈နာရီကျော်တာနဲ့ ကွန်ပျူတာက အလိုအလျောက်ပိတ်သွားပြီး အလုပ်သမားတွေကို ရုံးဆင်းခိုင်းတော့မှာပဲ ဖြစ်ပါတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။