စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက်စစ်ပုံတောင်ကျေးရွာအနီးရှိ မုံရွာကြက်မွေးမြူရေးဇုန်တွင် မေ ၈ ရက် နံနက်၁၁ နာရီ ၁၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားနေရာတွင် တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၉၀ ဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးလေးစိုးနှင့် ရဲတပ်ဖွဲ့ဝင် ၃၇ ဦး၊ အုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ကြက်မွေးမြူရေးဇုန်မှ အလုပ်သများ ၁၅၀ ဦးတို့နှင့်အတူ မီးငြိမ်းသတ်ယာဉ်၂၃ စီး၊ ရေသယ်ယာဉ် ဆယ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၄ နာရီခွဲတွင် မီးငြိမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။  

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၈၃၈၂၉၇၅၀ တန်ဘိုးရှိ သွပ်မိုး၊ကပ်ကာ၊ပျဉ်ထောင် လူနေအိမ် ၁၅ လုံး၊ ကပ်မိုး၊ကပ်ကာ၊ ဝါးခင်း လူနေအိမ်ငါးလုံး စုစုပေါင်းလူနေအိမ် ၂၀ လုံး၊ သွပ်မိုး၊ကပ်ကာ၊ ဝါးခင်းကြက်ခြံ ၂၀ လုံး၊ ကပ်မိုး၊ကပ်ကာ၊ ဝါးခင်းကြက်ခြံ ၁၄ ခြံ စုစုပေါင်းကြက်ခြံ ၃၄ ခြံ ကြက်ကောင်ရေ ၁၀၁၃၅ ကောင်တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုအကြောင်းအရင်းကို မသိရှိရသေးပဲ ရှာဖွေစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။  

အဆိုပါ မီးလောင်ကျွမ်းသည့် နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဥပဒေချုပ်တို့မှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အကွက်အမှတ် ၁၄၄ ရှိ ကြက်ခြံပိုင်ရှင် ဦးတင်မောင်ထွေး (နတ်ကြီးကျွန်းကျေးရွာ၊ ကနီမြို့နယ်)ကြက်ခြံမှ စတင်မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မီးစတင် လောင်ကျွမ်းရခြင်း အကြောင်း ကို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ မုံရွာကြက်မွေးမြူရေးဇုန်တွင် လူနေအိမ်နှင့်ကြက်ခြံများ မီလောင်မှုပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

source - the Mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။