၂၀၁ရခုနှစ် ဧပြီလ (၉) ရက်က Huawei Fans များနှင့် ၎င်းတို့နှစ်သက်သော Myanmar Idol ကြယ်ပွင့်လေးများနှင့် တွေ့ဆုံပွဲကို Huawei ရန်ကုန် ရုံးချုပ် (၁၈)လွှာရှိ CSIC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲကို Myanmar Idol ကြယ်ပွင့်လေးများဖြစ်သည့် သားငယ်၊ ဘီလီလမင်းအေး၊ ပိုးမီ၊ ဇင်ကြီးတို့ တက်ရောက်ခဲ့ကာ Huawei Fans များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။ ထို့အပြင် ကြယ်ပွင့်လေးများ၏ သီဆိုဖျော်ဖြေမှုကိုနားဆင်ကာ အတူတကွသီဆိုခြင်း၊ Idol များကို သိလိုသည်များကို မေးမြန်းခြင်း၊ ဂိမ်းများဆော့ကစားခြင်းနှင့် ဓါတ်ပုံများရိုက်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ပွဲအခမ်းအနားကို Huawei Myanmar ရုံးချုပ်ရှိ CSIC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့်အတွက် Huawei fans များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သော ကြယ်ပွင့်လေးများနှင့် တွေ့ဆုံနိုင်ခဲ့ရုံသာမက Huawei ၏ အဆင့်မြင့်နည်းပညာများဖြစ်သည့် စမတ်ဖုန်း၊ တက်ဘလက်၊ နာရီ၊ Matebook တို့အပြင် Smart Home နည်းပညာတို့ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါသည်။ အခုလိုပွဲပြုလုပ်ပေးခြင်းနှင့်ပတ်သက်ပြီး Myanmar Idol Season II ၏ Winner ဖြစ်သူ သားငယ်က “အခုလို ပွဲလေးပြုလုပ်ပေးတဲ့အတွက် Huawei ကို ကျေးဇူးအများကြီးတင်ပါတယ်။ အရင်တုန်းကကျတော့ ကျွန်တော်တို့ကို TV ဖန်သားပြင်ကနေပဲ မြင်နေရတာလေ။ အခုလိုပွဲလေးပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ကို ချစ်ခင်သူတွေကို အပြင်မှာ ဖျော်ဖြေခွင့်ရတယ်၊ ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရတယ်။ အဲ့ဒီအတွက်လည်း ပျော်ရွှင်မိပါတယ်။

ကျွန်တော်တို့ကို လာတွေ့ဆုံပေးကြတဲ့ စာနယ်ဇင်းတွေနဲ့ Huawei fans တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။  

ပွဲကိုတက်ရောက်သူ Huawei fan တစ်ဦးမှလည်း “ကျွန်တော်က Myanmar Idol Season II စကတည်းက အားပေးလာတာပါ။ ကျွန်တော်က (၁၀) ယောက်လုံးကို အားပေးတာပါ။ စစချင်း Huawei က ကြော်ငြာတုန်းက Top 3 ပဲဆိုပေမယ့် အခု ဇင်ကြီးပါ ပါလာတော့ ပိုပျော်တာပေါ့ဗျာ။ ဓါတ်ပုံတွေလည်း ရိုက်ခဲ့တယ်။ အခုလို အဆင်ပြေပြေဖြစ်အောင် စီစဉ်ပေးတဲ့ Huawei ကိုလည်းကျေးဇူးတင်ပါတယ်ဗျာ။” ဟု ပြောကြားခဲ့ပါသည်။

Source : Huawei

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။