ရန်ကုန်မြို့နေပြည်သူများစွာရဲ့ နေ့စဉ်သွားလာရေးကို အဓိကကူညီလျှက်ရှိတဲ့ YBS ယာဉ်လိုင်းတွေရဲ့ အရေးပါပုံကို အားလုံးလည်းသိမယ်ထင်ပါတယ်။ အဆိုပါ ယာဉ်လိုင်းတွေက နေ့စဉ်သွားလာရေးအတွက် အဓိကကျတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုလည်း ကူညီစောက်ရှောက်နိုင်ဖို့လည်း လိုအပ်လျှက်ရှိတာလည်းတွေ့ရပါတယ်။  

ဒီကနေ့ မေလ ၁၀ရက်နေ့ နံနက်အစောပိုင်းမှာလည်း YBS ယာဉ်လိုင်းတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ YBS ယာဉ်လိုင်းကတော့ ၃၉ ယာဉ်လိုင်းဖြစ်ပြီး ဒီကနေ့ နံနက် ၉နာရီ ဝန်းကျင်လောက်က လောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး " ခရီးသည်တင် YBS 39 ယာဉ်လိုင်း တစ်စီး အုတ်ကျင်းမှတ်တိုင်မှာ မီးလောင်ကျွမ်းနေကြောင်း " တွေ့မြင်သူတစ်ဦးက ရေးသားထားတာပဲဖြစ်ပါတယ်။  

ခရီးသည်တင်ဆောင်လာတဲ့ ယာဉ်တစ်စီးဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ ရန်ကုန်အုတ်ကျင်းမှတ်တိုင်းအနီးမှာ လောင်ကျွမ်းခဲ့တဲ့ YBS 39 ယာဉ်လိုင်း မီးလောင်မှုပုံရိပ်အချို့ကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - LWIN OO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။