အင်္ဂလိပ်စာပြဆရာမ အလုပ်လုပ်ရင်း တတိယမြောက် နိုင်ငံကျော်အမျိုးသမီး အဆိုတော် ဖြစ်လာသူမှာ ဘီလီလမင်းအေး ဖြစ်သည်။

ဘီလီလမင်းအေးကို ၁၉၉၅ တောင်ကြီးမြို့တွင် မွေးဖွားပြီး ၁၇ နှစ်သမီးတွင် ဆယ်တန်းအောင်မြင်ပြီးနောက် ပုဂ္ဂလိကကျေိာင်း private school တွင် အင်္ဂလိပ်စာပြဆရာမ စတင်လုပ်ကိုင်ပြီး တစ်ဘက်မှ မန္တလေးမြို့ ရတနာပုံ အဝေးသင်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာ အဓိကဖြင့် ဆက်လက်ပညာ ဆည်းပူးသည်။ ၂၀၁၅ တွင် Bachelor of Arts (B.A.) ဘွဲ့ရရှိခဲ့သည်။

Myanmar Idol Season 2 Grand Finale နေ့ နောက်တစ်နေ့တွင် တစ် သက်မှာတစ်ခါပဲကြုံရမည့် မန္တလေးမြို့မှ ဘွဲ့နှင်းသဘင်ကို မတက်ရောက်နိုင် ခဲ့သည့် အခက်အခဲအပါအဝင် အခက်အခဲမျိုးစုံကို နိုင်ငံကျော် အဆိုတော် ဖြစ်သည်နှင့် ဘီလီလမင်းအေး စတင်ကြုံတွေ့ရတော့သည်။

ဒိုရာသန်းအေး၊ နွဲ့ယဉ်ဝင်းတို့နှင့် မတူ...IT ခေတ်တွင် ကိုယ်ပိုင်သီချင်းတစ်ပုဒ်မျှမဆိုရသေးခင်မှာပင် နိုင်ငံကျော်အမျိုးသမီး အဆိုတော်ဖြစ်လာရသည့် ဘီလီလမင်းအေးသည် တစ်ဘက်တွင်...နိုင်ငံတစ်ဝန်း ယောက်ျားလေး မိန်း ကလေး ဆယ်ကျော်သက်လူငယ်များစွာ၏ သူ့အတွက် ဘာမဆိုလုပ်ပေးလို သည့် အရူးအမူး စွဲလန်းချစ်ခင်မှု Billymania အဖြစ်နှင့် ကြုံတွေ့နေရသလို ...

တစ်ဘက်တွင်လည်း အခက်အခဲမျိုးစုံ တိုက်ခိုက်မှုမျိုးစုံ ဖိနှိပ်မှုမျိုးစုံ ဖိအားမျိုး စုံတို့ကို နေ့ချင်းညချင်းပင် အရွယ်နှင့်မမျှအောင် ကြုံတွေ့နေရသူ ဖြစ်သည်။

ယခုကဲ့သို့ တစ်ခေတ်တစ်ခါက Miss Shanghai ရုပ်ရှင်မင်းသမီး မေရီမြင့်၊ အနုပညာ စွယ်စုံရ ရုပ်ရှင်မင်းသား ဝင်းဦး တို့ကဲ့သို့ ....

အချစ်တော် fans များ နောက်မှ တစ်ကောက်ကောက်လိုက်ကာ ကြောက်စ ရာကောင်းလောက်အောင် ထင်ပေါ်အောင်မြင်ကျော်ကြားမှု Fame ကို ရုတ်တရက် အချိန်တိုအတွင်း မမျှော်လင့်ပဲ ရရှိလိုက်ပြီး ထိခိုက်ကွဲရှလွယ်သော fame ကို မည်ကဲ့သို့ ကိုင်တွယ်ထိန်းသိမ်းထားရမည်ကို မတတ်စွမ်းသာသေးသော .... 

ဘီလီလမင်းအေးသည် အလိုအလျောက် လမ်းဆုံလမ်းခွသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဒိုရာသန်းအေးလို ... အဆိုတော်ဘဝဖြင့် မရပ်တည်ပဲ၊ မိမိတတ်မြောက် ထားသော ဘာသာရပ်ဖြင့် career တစ်ခုကို တည်ဆောက်ပြီး ဘဝကို တည်ငြိမ်အေးဆေး သက်ရှည်ကျန်းမာ ဖြတ်သန်းသွာမှာလား ....

နွဲ့ယဉ်ဝင်းလို အောင်မြင်သော အဆိုတော် နှင့် အောင်မြင်သော အိမ်ထောင် ရှင်အဖြစ်နှင့် ဘဝကို ပျော်ရွှင်ငြိမ်းချမ်းသာယာစွာ ဖြတ်သန်းသွားမှာလား...

ယခု စတင်ကြုံတွေ့နေရသော အခက်အခဲမျိုးစုံ တိုက်ခိုက်မှုမျိုးစုံ ဖိနှိပ်မှုမျိုးစုံ ဖိအားမျိုးစုံတို့နှင့် ယဉ်တွဲပြီး အနုပညာကို တကယ်တမ်းနားမလည် လေးလေး စားစားအမြတ်တစ်နိုး တန်ဖိုးမထားပဲ ရောင်းကုန်ပစ္စည်းတစ်ခုလိုသာ အသုံး ချနေသည့် စီးပွားရေးလုပ်ငန်းအောက်မှ IT ခေတ်အဆိုတော်ဘဝကို လူပင်ပန်း စိတ်ပင်ပန်းကြီးစွာ ဆက်လက်ရုန်းကန်တည်ဆောက်သွားမှာလား ...

စသည်ဖြင့် ...ငယ်ငယ်ရွယ်ရွယ်နှင့် ၂၂နှစ်သမီး ဘီလီလမင်းအေး တစ်ယောက် ရွေးချယ်ရမည့် အချိန် ရောက်ရှိလာခဲ့ပြီ....

အနေအေးရိုးသားဖြူစင်သည့် ကရင်ပအို့ဝ်တိုင်းရင်းသူလေး Myanmar Idol Season 2 First Runner-up ဘီလီလမင်းအေးကို ချစ်သော ပရိသတ် အပေါင်း ကကော သူမကို ဘယ်လမ်းကို ရွေးချယ်စေချင်ကြပါသလဲ ...... 

စိတ်ဓါတ်သန်မာကြံ့ခို်င်သည့် ဘီလီလမင်းအေးကတော့ သူမအတွက် အကောင်းဆုံး ဘဝလမ်းကို ရွေးချယ်နိုင်လိမ့်မည်သာ ဖြစ်သည်။

ဘီလီလမင်းအေးတစ်ယောက် ဘေးမသန်းပဲ အေးချမ်းစွာနှင့် ဘဝလှေကလေးကို ပန်းတိုင်ရောက်သည်ထိ ဆက်ပြီး အောင်မြင်စွာ လှော်ခတ်နိုင်ပါစေ။

Source: Thaw Nyain

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။