ပရိသတ်ကြီးရေ ခုတစ်ခေါက်မှာဖော်ပြပေးချင်တာကတော့ ဟိမဝန္တာတောင်နားမှာ နှင်းလူသားရဲ့ ခြေရာကိုတွေ့ခဲ့တဲ့ ဗီဒီယိုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုကို ရိုက်ကူးခဲ့သူကတော့ အိန္ဒိယစစ်တပ်အရာရှိတွေ ဖြစ်ပြီး သူတို့ ပြောကြားချက်အရ အလွန်ကြီးမားတဲ့ ခြေရာကြီးတွေကို စတင်တွေ့ရှိပြီး တိုင်းတာကြည့်တဲ့ အခါမှာ ၁၅လက်မကျော်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ တစ်ကယ်ပဲ နှင်းလူသား အစစ်ရဲ့ ခြေရာတွေလားဆိုတာ သေချာမပြောနိုင်ပေမယ့် မှတ်တမ်းတင် ဗီဒီယိုအရတော့ အခြားတိရစ္ဆာန်တွေရဲ့ ခြေရာဟာ ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ စစ်တပ်အရတာရှိတွေက ပြောကြားခဲ့ပါတယ်။
ဒီလိုမျိုးအလားတူ ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး 2008 ခုနှစ်တုန်းက ဂျပန်နိုင်ငံက တောင်တက်သမားတွေဟာ နီပေါနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ တောင်တန်းန်းတွေကို တက်ရောက်နေစဉ်မှာ အခုလိုမျိုးပဲ နှင်းလူသားတွေရဲ့ ခြေရာတွေကို တွေ့ခဲ့တယ်လို့ဆိူပါတယ်။ ထိုအဖွဲ့ဟာ အာ့ဒီနေရာမှာ ရက်အတော်ကြာအောင် စောင့်ခဲ့ပေမယ့်လည်း နှင်းလူသားရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့လို့ လှည့်ပြန်ခဲ့ကြရပါတယ်။ ဒါပေမယ့် နှင်းလူသားတွေနဲ့ ပတ်သက်ပြီး တိတိကျကျ သိနိုင်ဖို့ အတွက် သိပ္ပံပညာ၇ှင် အဖွဲ့တစ်ဖွဲ့ဟာ ၂၀၀၇ ကတည်းက နှင်းလူသားတွေရဲ့ အကြောင်းတွေ့ကိုလေ့လာနေပီး
ရှာဖွေသုတေသနလုပ်တဲ့အခါမှာ အဆိုပါနှင်းလူသားတွေရဲ့ မျိုးစိတ်ဟာ ဝက်ဝံတွေနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ ထူးထွေဆန်းပြားလှတဲ့ ဒီကမ္ဘာမြေကြီးမှာ နှင်းလူသားတွေရဲ့ အကြောင်းဟာလည်း ပုံပြန်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် တည်ရှိနေတာ ဖြစ်ပြီး ယနေ့အချိန်အထိ အသေအချာ သက်သေအမပြနိုင်သေးတဲ့ ကိစ္စတစ်ခု ဖြစ်နေတာကြောင့် သိပ္ပံပညာရှင်များကို ခေါင်းခဲစေတဲ့ ကိစ္စတစ်ခုအဖြစ်ရှိလို့နေပါသေးတယ် ပရိသတ်ကြီးရေ....
Source : Mirror
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။