မနေ့က မေလ ၉ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆနမ်းလွမ်ရင်ပြင်မှာ တော်ဝင် လယ်ထွန်မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

လယ်ထွန်မင်္ဂလာပွဲဆိုတာကတော့ ထိုင်းနိုင်ငံမှာ နှစ်စဉ် ကျင်းပနေကြပွဲတစ်ခုဖြစ်တဲ့ ဗြဟ္မဏဝါဒ ဝတ်ပြုပွဲ ပဲဖြစ်ပါတယ်။

၎င်းမင်္ဂလာပွဲမှာတော့ မင်္ဂလာနွားတရှဉ်းက အခမ်းအနားကျင်းပရာ မြေပြင်ကို ၉ ကြိမ်လှည့်ပတ်ထွန်ယက်ရသလို ထိုအချိန်မှာ အခမ်းအနား ဥက္ကဌက ဆန့်စေ့တွေကို လေထဲမြှောက်ကြဲပေးရပါတယ်။

အဲ့ဒီနောက်မှာတော့ ရှပ်ဝါတွေ ဝတ်ဆင်ထားတဲ့ လူအများကြီးက အခမ်းအနားအတွင်း ကြဲချခဲ့တဲ့ ဆန့်စေ့တွေကို များမိုင်သမျှ များများရအောင် ကောက်ယူကြရပါတယ်။

ဘာကြောင့်လဲဆိုရင် ၎င်းဆန်စေ့တွှေဟာ မင်္ဂလာရှိပြီး အတိတ်နမိတ်ကောင်းတယ်ဆိုတဲ့ ရှေးအယူရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင်၎င်းပွဲမှာတော့ မင်္ဂလာနွားတွေကို မတူညီတဲ့ စားစရာတွေထည့်ထားတဲ့ လင်ဗန်းတွေချပေးပြီး ၎င်းနွားတွေ ရွေးချယ်တဲ့ စားစရာလင်ဗန်းကိုကြည့်ပြီးလည်း လာမယ့်နှစ်အတွက် ဟောကိန်းထုတ်ကြပါသေးတယ်။

မနေ့ကကျင်းပခဲ့တဲ့ပွဲမှာတော့ နွားတွေဟာ ဆန်နဲ့မြက်ကိုစားပြီး ရေသောက်ခဲ့တာကြောင့် ယခုနှစ်ထဲမှာ ရေလုံလောက်လောက်ရရှိပြီး ၊ သား၊ငါးနဲ့ ကောက်ပဲသီးနှံတွေ ပေါကြွယ်ဝမယ်လို့ ဟောကိန်းထုတ်ခဲ့ကြောင်း သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။