လက်ရှိအချိန်မှာတော့ ဆီးရီးယားအစိုးရတပ်တွေနဲ့ သူပုန်တွေကြားက တိုက်ပွဲတွေဟာ အရှိန်အဟုန်မြင့်လာနေတယ်လို့ သိရပါတယ်။

ဆီးရီးယားစစ်တပ်အနေနဲ့ဆိုရင်လည်း ဧပြီလနှောင်းပိုင်းကစပြီး သူပုန်တွေခြေကုပ်ယူထားတဲ့ နောက်ဆုံးဒေသတွေကို လေကြောင်းကနေ တစ်ဆင့် တိုက်ခိုက်တာတွေ ပြုလုပ်လာခဲ့တာပဲဖြစ်ပါတယ်။

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ဟာဆိုရင်လည်း အီဒလစ်ပြည်နယ်အပါဝင် သူပုန်တွေသိမ်းပိုက်ထားတဲ့ ဆီးရီးးယားပိုင်နယ်မြေအားလုံးကို တစက်မျှမကျန်အောင် ပြန်သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိဆိုရင်း ဆီးရီးယားစစ်တပ်နဲ့ သူပုန်တွေကြားက တိုက်ပွဲတွေကြောင့် အရပ်သား ၈၅ ယောက်အပါအဝင် စုစုပေါင်း ၁၈၈ ယောက်လောက် သေဆုံးသွားခဲ့ကြပါပြီ။

ဒါ့အပြင် ဒဏ်ရာရရှိသွားကြသူတွေကလည်း အများအပြားရှိနေသေးတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။