မိန်းကလေးတွေဟာ ချစ်သူရည်းစားအပေါ်မှာ ချွဲနွဲ့ပြီး နွဲ့ဆိုးလေးတွေ ဆိုးတတ်ကြတာကတော့ သဘာဝပါပဲ။

ကိုယ့်ချစ်သူရည်းစားကို ရစ်တာတို့ စိတ်ကောက်တာတို့ လောက်ကို အမျိုးသားတွေသာ လက်ခံပေးနိုင်ကြပေမယ့် စည်းမရှိဘောင်မရှိ ရိုင်းစိုင်း ဆိုးသွမ်းတာမျိုးတွေကိုတော့ ရေရှည်လက်ခံပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း ကောင်မလေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကောင်လေးကို ရိုင်းစိုင်းစွာ ကန်ကျောက်နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ထွက်ပေါ်လာတာတွေ့ရပါတယ်။

၎င်းဗီဒီယိုလေးထဲမှာဆိုရင်တော့ ကောင်မလေးဟာ ထန်းမရသိမ်းမရကို ချစ်သူကောင်လေးကို ခြေထောက်နဲ့ကန်နေပြီး ဘေးနားက လူတစ်ယောက်က ဝင်ဆွဲနေတာတောာင် ဂရုမစိုက်ဘဲ ခြေထောက်နဲ့ အချက်ပေါင်းများစွာ ကန်နေတာကိုတွေ့ရပါတယ်။

အခုလိုခြေထောက်နဲ့ကန်ရတဲ့အကြောင်းရင်းကို စုံစမ်းကြည့်တဲ့အခါမှာဆိုရင်လည်း ချစ်သူကောင်လေးဟာ သူမဝယ်ခိုင်းတဲ့ သစ်သီးကို ဝယ်ပေးဖို့ ငြင်းဆိုခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

ငြင်းဆိုရတဲ့အကြောင်းရင်းကလည်း သူမဝယ်ခိုင်းတဲ့သစ်သီးဟာ ဈေးကြီးတဲ့အမျိူးအစားဖြစ်နေသလို ချစ်သူကောင်လေးအနေနဲ့လည်း ငွေကြေးအခက်အခဲအနည်းငယ်ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

သို့ပေမယ့် လိုချင်တာကိုမရတဲ့ ကောင်မလေးကတော့ သူမကိုသစ်သီးမဝယ်ပေးရမလားဆိုပြီး ချစ်သူကောင်လေးအပေါ် အခုလို ရိုင်းစိုင်းစွာ ခြေထောက်နဲ့ကန်ပြီး နှိပ်စက်ညှည်းပန်းတာကတော့ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်တခုပါပဲ။

source- stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။