ပြည်တွင်း သောက်သုံးရေရှားပါးတဲ့ ဒေသတွေကတော့ များစွာရှိနေတာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ အဆိုပါ သောက်သုံးရေရှားပါးတဲ့ နေရာတွေကို ပရဟိတအဖွဲ့များ နိုင်ငံတော်မှာ တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမှုတွေလည်း ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သောက်ရေရှားပါးနေတဲ့ ဒေသတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာ အုပ်စု၊ တောင်ကလေးကျေးရွာလည်း တစ်ခုပါဝင်နေတာတွေ့ရပါတယ်။  

ဒီကနေ့ မေလ ၁၀ရက်နေ့မှာလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပမ္မဝတီရေတပ် စခန်းဌာနချုပ် တို့ကပူးပေါင်းပြီး အဆိုပါ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာ အုပ်စု၊ တောင်ကလေးကျေးရွာသို့ ယနေ့ နံနက် ၉ နာရီအချိန်က ရေဂါလံ (၂၄၀၀)နှင့် ရေသန့်ဘူး (၄၈၀)ဘူးတို့ကို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါတယ်။ ဟိုင်းကြီးကျွန်းမြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် ရေဂါ လံ (၈၀၀)ကို မီးသတ်ကားတစ်စီးဖြင့် လည်းကောင်း၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ လှူဒါန်း သည့် ရေသန့်ဘူး (၄၈၀)ဘူးနှင့် ရေဂါလံ (၁၆၀၀)ကို ရေသယ်ကား (၂)စီး၊ မီးသတ်ကား တစ်စီး ဖြင့်လည်းကောင်း တောင်ကလေးကျေးရွာ၌ နေရာလေးခုခွဲကာ လှူဒါန်းပေးအပ် ခဲ့ကြရာ ဒေသခံများက ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံရယူခဲ့ကြပါတယ်။  

ဟိုင်းကြီးကျွန်းမြို့တွင် မိုးရွာသွန်းမှု မရှိသေး၍ ကန်ရေကိုသုံးစွဲကြသည့် တစ်ချို့ ကျေးရွာ များ၌ သောက်သုံးရေး အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ လက်ရှိ ကနုကမာကျေးရွာနှင့် ကုလားမကွင်း ကျေးရွာများသို့ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ မေလ ၆ ရက်နေ့က ရေဂါလံ (၁၀၈၀၀)နှင့် ရေသန့်ဘူး(၁၂၀၀)ဘူးကို လည်းကောင်း၊ တောင်ကလေးကျေးရွာသို့ မီးသတ်ဦးစီးဌာနက မေလ ၇ ရက်နေ့က ရေဂါလံ(၁၈၀၀)ကို လည်းကောင်းသွားရောက် လှူဒါန်းပေးအပ် ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

SOURCE - MOI WEBPORTAL MYANMAR 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။