နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိတာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ မေလ (၃) ရက်နေ့မှ မေလ (၉) ရက်နေ့အထိ တာချီလိတ်နယ်စပ် ဝင်/ထွက် ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၂၀၅၅) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည် (၃၀၆) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ် သို့ ထိုင်းနိုင်ငံသား (၁၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသားအများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၉၁) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၀၇၇) ဦး ရှိကြောင်း သိရပါတယ်။ 

နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါတယ်။ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီး စေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားကျေးရွာများသို့ သွားရောက်လည်ပတ်ကြပါတယ်။  

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်အရေ အတွက်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၉) ရက်နေ့အထိ ထိုင်းနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၃၉၅၇၈၅) ဦးထိ ရှိတာတွေ့ရပါတယ်။ ဒါအပြင် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၄၆၂၉) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၅၅၈၀) ဦး၊ လန့်တောင်းနေ့ချင်းပြန် ခရီးစဉ် ထိုင်းနိုင်ငံသား (၁၇၇) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း (၂၇၈၂၇) ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။