ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသားဒွေးတစ်ယောက် ကွယ်လွန်သွားခဲ့တာက အချိန်အတော်ကြာရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ နှစ်တွေလတွေ ဘယ်လောက်ပြောင်းပြောင်း ပရိသတ်တွေအားလုံးရဲ့ ရင်ထဲမှာတော့ ဒွေးက အမြဲနေရာယူထားနိုင်သူ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ဒွေးရဲ့ မျိုးဆက်လေးဖြစ်တဲ့ သမီးလေး ဆည်းလည်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆည်းလည်းကတော့ သွက်သွက်လက်လက်နဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ဆည်းလည်းလေးက သရုပ်ဆောင် ဒွေးနဲ့ ဇနီးမိုးမိုးတို့ရဲ့ တူမလေးတော်စပ်သူလည်း ဖြစ်သလို သမီးအရင်းလေးလို ချစ်ခင်ရသူလည်း ဖြစ်ပါတယ်။ အနုပညာလောကကို စတင်ဝင်ရောက်လာပြီဖြစ်တဲ့ ဆည်းလည်းက Photo Shooting တွေ စတင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုလည်း ဆည်းလည်းက ''Fashion Magazine '' အတွက် အမိုက်စားပုံရိပ်တွေကို ရိုက်ကူးပေးခဲ့ပါတယ်။ နိုင်ငံခြားမော်ဒယ်လေးလို့တောင် ထင်မှတ်ရလောက်တဲ့ ဆည်းလည်းလေးက သရုပ်ဆောင်ဒွေးနဲ့ သရုပ်ဆောင် သားညီတို့ရဲ့ အနုပညာအမွေတွေကို ဆက်ခံနိုင်မယ့် အရည်အချင်း အပြည့်အဝ ရှိနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ဒွေးရဲ့သမီးချောလေး ဆည်းလည်းရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sel Lae;

Photo Credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။