အနုပညာလောကထဲမှာ ပရိသတ်တွေချစ်ခင်အားကျရတဲ့အတွဲလေးတစ်တွဲရှိပါတယ်။ သူတို့အတွဲလေးကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံလေးဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြပြီး မျက်စိအောက်ကအပျောက်မခံနိုင်အောင် ရိုလွန်းနေကြတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်မခွဲနိုင်မခွာရက်အောင် ချစ်ကြသောဇနီးမောင်နှံလေးပဲ ဖြစ်ပြီး သူတို့အတွဲလေးကိုပရိသတ်တွေကအားကျနေကြတာပါ။ showပွဲလေးတွေတိုင်းမှာလည်းတူတူဖျော်ဖြေရပြီးသူတို့နှစ်ယောက်သီဆိုထားတဲ့"အမှား"ဆိုတဲ့သီချင်းကလူငယ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ကြင်နာပြီးဂရုစိုက်တတ်တဲ့ပုံရိပ်လေးတွေကလည်းပရိသတ်တွေကြားမှာအားကျစရာတွေဖြစ်နေတာပါ။

အခုတစ်ခေါက်မှာလည်း ရွှေနှစ်ရွှေကတော့ ပရိသတ်တွေကိုအားကျအောင်လုပ်လိုက်ပြန်ပါပြီနော်။ ရွှေထူးကတော့ မိန်းမိန်းမရှိရင် သူ့ဘဝဟာ ဘာမှမပြည့်စုံတော့ဘူးဆိုပြီး တီတီတာတာချွဲထားတာပါ။ ရွှေမှုံကတော့ သူ့ခင်ပွန်းပို့ထားတဲ့ စာလေးကို screen shot ရိုက်ကာသူမရဲ့လူမှုကွန်ယက်Myday လေးမှာတင်ထားတာပါ။ ပရိသတ်တွေလည်း သူတို့အတွဲလေးကို အားမကျကြဘူးလား..........

Photo - Shwe Mhone Ya Ti

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။