ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေကို ရသမျိုးစုံ ပေးစွမ်းနိုင်လောက်အောင် သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါရိုက်တာအဖြစ်ရော အနုပညာရှင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ခင်လှိုင်က ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။ ခင်လှိုင်ရဲ့သား၊သမီးတွေကလည်း တကယ့်ကို အချောအလှလေးတွေ ဖြစ်ကြပါတယ်။

အခုဆိုရင် ခင်လှိုင့်ရဲ့သမီးလေး သဇင်ထူးမြင့်နဲ့ သားလေး နေရဲတို့ကလည်း ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံနေကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နေရဲနဲ့ သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်က အခုလည်း အပျော်တမ်း Tik Tok ဗီဒီယိုလေးတစ်ခုကို အတူရိုက်ကူးခဲ့ကြပါတယ်။ ဒီဗီဒီယိုလေးမှာတော့ အစ်ကိုနေရဲက ညီမလေး သဇင်ထူးမြင့်ကို ဆူပူနေတာ တွေ့ရပါတယ်။

ရေဘူးကို ပါးစပ်နဲ့တေ့သောက်မိတဲ့ သဇင်ထူးမြင့်တစ်ယောက် အစ်ကိုဖြစ်သူရဲ့ ဆူငေါက်တာ ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်ထားတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုတော့ ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေရဲနဲ့ သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint & Nay Ye;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။