ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်တွေဖြစ်ကြတဲ့ နေမင်း စည်သူမောင် ခင်လေးနွယ် ယုသန္တာတင်တို့ သူငယ်ချင်းအုပ်စုက အလုပ်တစ်ခုအတွက် ရန်ကုန်ကနေ မန္တလေးသို့ MNA လေယာဉ်နဲ့ ဒီကနေ့မနက်ပဲ ခရီးထွက်သွားခဲ့ကြပါတယ်။ဒါပေမယ့် MNAလေယာဉ်က ရှေ့ဘီးချမရလို့ ဒီအတိုင်းပဲ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။လေယာဉ်ပေါ်မှာ ပါတဲ့ခရီးသည်တွေကတော့ နည်းနည်းလေးစိုးရိမ်ကြောင့်ကြမှု့ရှိကြပြီး ခရီးသည်အကုန်လုံးပဲ လေယာဉ်ထဲက အန္တာရာယ်ကင်းစွာ ထွက်ခွာနိုင်ခဲ့ကြပါတယ်နော်။

နေမင်းကတော့"လေယာဉ်ပျက် တဲ့ထဲမှာ ကိုယ်ပါဝင်ဘူးခဲ့ပြီ ဘဝမှာအမှတ်တရ အဖြစ် ထာဝရမမေ့နိုင်တော့ပြီခုဖြစ်နေတာပါ အသက်အန္တရယ်ဘေးကင်းခဲ့ပါပြီ"ဆိုပြီး သူရဲ့Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားသလို ခင်လေးနွယ်ကလည်း"အန္တရယ်ကင်းစွာနဲ့မန်းလေးကို ခြေချခွင့်ရရှိသွားတဲ့မောင်နှမသုံးယောက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်"ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။သူငယ်ချင်းအုပ်စုကတော့ နည်းနည်းလေးတော့ ရင်တုန်သွားကြမှာပဲနော်။

သူငယ်ချင်းတွေအကုန်လုံး ဘေးမသီရန်မခပဲ အန္တရာယ်ကင်းခဲ့ကြပါတယ်နော်။လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတာကြောင့် ခရီးသည်တွေအကုန်လုံး ဘေးကင်းခဲ့ရပါတယ်။စည်သူမောင်ကတော့ သူတို့သူငယ်ချင်းအုပ်စု အခြေအနေနဲ့ ရင်တုန်ခဲ့ရပုံလေးတွေကို Liveလွှင့်ပြီး အခြေအနေလေးတွေကို ပြောပြခဲ့ပါတယ်နော်။ကဲ ပရိသတ်ကြီးလည်း ပထမဆုံးလေယာဉ်ပျက်ကျတဲ့ထဲမှာ ပါဖူသွားပြီဆိုတဲ့ နေမင်း စည်သူမောင် ခင်လေးနွယ် ယုသန္တာတင်တို့ သူငယ်ချင်းအုပ်စုကို စိတ်အေးလို့ရပါပြီနော်။

Source:Cele's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။