ဇာတ်ကားတိုင်းမှာပီပြင်ကျွမ်းကျင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့်ယနေ့ထက်ထိပရိသတ်တွေရဲ့ရင်ထဲမှာအမြဲရှိနေတဲ့ ထိပ်တန်းမင်းသမီးချောလေးအူဝဲပါ။ သူမဟာ အနုပညာခရီးလမ်းတွင် အကယ်ဒမီရုပ်ထုပေါင်းများစွာနဲ့ အောင်မြင်မှုများစွာ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့လည်း သာယာပျော်ရွှင်သော အိမ်ထောင်ရေးကိုတည်ဆောက်ထားသူပါ။ 

သားနဲ့သမီးကိုလည်း လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်တဲ့အမေကောင်းတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်များတွင်လည်း ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားကြီးများရိုက်ကူးနေတာပါ။ သူမရိုက်ကူးတဲ့ဇာတ်ကားတိုင်းဟာလည်း တစ်ကားဆိုတစ်ကားပရိသတ်တွေရဲ့ရင်ထဲထိရောက်တာပါ။ ဖက်ရှင်ဘုရင်မလို့တင်စားရလောက်အောင်လည်း သူမရဲ့ဖက်ရှင်တိုင်းလိုလိုဟာဂအမြဲတမ်းအမိုက်စားတွေပဲဖြစ်နေတာမို့ အနုပညာရှင်များကပါ အားကျနေရတာပါ။ 

ပရိသတ်တွေအတွက် အူဝဲရဲ့ဇာတ်ကားသစ်ကြီးဟာ မကြာခင်မှာရုံတင်တော့မှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်လေးကတော့“ ဟစ်တိုင်” လို့အမည်ရပြီး သက်ငယ်မုဒိန်းအတွက်ပညာပေးဇာတ်ကားကောင်းတစ်ကားပါ။ မနေ့ညကတော့ ဒီဇာတ်ကားကြီးရဲ့ red carpet show ကိုအူဝဲဟာ အနီရောင်ဖက်ရှင်လေးနဲ့တက်ရောက်ခဲ့တာပါ။ “ "ဟစ်တိုင်"red carpet show ကပုံလေးတွေပါ❤️

ကျွန်မကားတွေတင်တိုင်း ကျွန်မရဲ့ချစ်ပရိသတ်ကအမြဲအမှတ်တရလက်ဆောင်ပေးတတ်တယ်... အဲ့လက်ဆောင်ထဲမှာလဲ အဲ့ဒီကားရဲ့အဓိပ္ပာယ်လေးပါအောင်အမြဲစဉ်းစားပေးတတ်ကြတယ်...သူတို့ရင်ထဲကအလေးထားမှုကိုကျွန်မတစ်ကယ်ကြီးအသိအမှတ်ပြုမိပါတယ်...ကျွန်မအတွက် အချိန်ကုန်ခံ ငွေအကုန်ခံပြီးချစ်ပေးကြ,အားပေးကြတဲ့အတွက် ကျွန်မရင်ထဲမှာ သူတို့အတွက် ကျေးဇူးတွေပြည့်နှက်နေပါတယ်...” ဆိုပြီး ပရိသတ်တွေကိုဝေမျှထားတာပဲ ဖြစ်ပါတယ်။

Photo - Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။