ဂန္တဝင်ဆန်တဲ့အလှတွေနဲ့အမြဲတည်ငြိမ်ရင့်ကျက်လွန်းသူလေးကတော့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးဟေကိုပဲဖြစ်ပါတယ်။ သူမဟာ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေကို အခုချိန်ထိဆက်လက်ထိန်းသိမ်းထားနိုင်သော မင်းသမီးချောလေးတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်မှုတွေကြောင့်လည်း ယနေ့အချိန်ထိ ပရိတ်သတ်တွေက အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်လို့ထင်ရက်စရာ မရှိရလောက်အောင်လည်း သူမရဲ့အလှတရားတွေဟာ တည်ငြိမ်ရင့်ကျက်လွန်းနေတာလည်း ဖြစ်ပါတယ်။ 

သူမရဲ့ပရိတ်သတ်များဟာလည်း အရင်လို ဇာတ်ကားများများပြန်ရိုက်စေချင်နေကြတာလည်း ဖြစ်ပါတယ်။ သူမဟာ ယခုအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းနေပြီး စီးပွားရေးဘက်ကို ပိုမိုလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို ဦးစီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ 

ပရိသတ်တွေချစ်ခင်ရတဲ့မိုးဟေကိုကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဒီကနေ့မှာကျရောက်တဲ့အမေများနေ့မှာ မိသားစုပုံရိပ်လေးနဲ့ အမေ့အတွက်စာလေးတစ်ခုတင်ထားတာပါ။ “ Happy Mother’s Day

မိုး အတွက်တော့ အမေများနေ့ဆိုတာ

အမေနဲ့အတူကိုယ့်အသက်ရှင်နေတဲ့အချိန်

ကာလပတ်လုံးဟာအမေများနေ့ပာဘဲ....!

အမေများနေ့မှာ ကိုယ်ချစ်ရတဲ့ အမေနဲ့အတူ

နောင်နှစ်ပောင်းများစွာတိုင်

ပျော်ရွင်ကြည်နူူးစွာဖြတ်သန်းနိုင်ကျပာစေကြောင်း

ဆုမွန်ကောင်းတောင်းပေးလိုက်ပာတယ်နော် ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေသိရှိရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Moe Hay Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။