ချစ်ပရိသတ်ကြီးရေ.... မော်ဒယ်လ်လောကကနေ အနုပညာလောကထဲသို့ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင်မင်းသမီး ဆုမြတ်နိုးဦးကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမဟာဆိုရင် ပုရိသတွေစွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်တာဖြစ်ပြီး ချစ်စဖွယ် အပြုံးလေးတွေနဲ့ မြင်သူတကာ အပေါင်းကို ဆွဲဆောင်ညှို့ယူနိုင်တာပါနော်...။ သူမဟာဆိုရင် ရိုးသားပွင့်လင်းသူဖြစ်ပြီး စိတ်သဘောထား ကောင်းမွန်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်...။

မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကို ကိုလည်းပရိသတ်တို့အနေနဲ့ သိပြီးသားဖြစ်မှာပါ...။ စူးရှတောက်ပတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ညှို့အားပြင်းသူတစ်ယောက်ဖြစ်ပြီး မြင်သူအပေါင်းကို ဖမ်းစားနိုင်တဲ့ မိုးဟေကိုဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတာဖြစ်ပါတယ်...။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မိုးဟေကိုဟာဆိုရင် ကြော်ငြာ၊ မဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှအပတွေကို မြင်တွေ့ကြရမှာပါ...။

"L’oreal Paris Rouge Signature Event" ပွဲလေးသို့ အနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့ပြီး အလှပုံရိပ်လေးတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ ဆုမြတ်နိုးဦးဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း အနုပညာညီအမ တွေဖြစ်ကြတဲ့ မိုးဟေကိုနဲ့အတူ ဓာတ်ဖမ်းခဲ့ပြီး "ချစ်သော မိုး နဲ့ပွဲမှာဆုံ" အဆိုပါ status လေးနဲ့တကွ ထုတ်ဖော်ပြသထားတာကို myanmarload ပရိသတ်ကြီးလည်းသိရှိရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။