မကြာခဏဖြစ်ပွားနေတဲ့ လေယာဉ်မတော်တဆဖြစ်ပွားမှုတွေကိုတော့ ပရိသတ်တွေလည်း ကြားမိကြမယ်ထင်ပာတယ်။ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့ (မေ ၁၂ ရက်) နံနက် ၉နာရီ ဝန်းကျင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

“လေယာဉ်အဆင်း ရှေ့ဘီး Nose Landing Gear ချမရဘဲ နှုတ်သီးနဲ့ ဆင်းလိုက်ရတယ်၊လူထိခိုက်မှုမရှိဘူး၊ ခရီးသည်အချို့တော့ တော်တော်လန့်သွားတာပေါ့”လို့ မန္တလေးလေဆိပ်တာဝန်ကျရဲအရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။ အဆိုပါ MNA လေကြောင်း (Embraer 190)သည် ရန်ကုန်မှ မန္တလေးသို့ ခရီးသည် ၈၀ကျော်ဖြင့် ထွက်ခွာလာပြီး တံတားဦးလေဆိပ်သို့ ဆင်းသက်ချိန်တွင် ရှေ့ဘီး ချမရဘဲ ဘေးကင်းစွာဆင်းသက်ရန်(safely landed )ရအောင်ကျိုးစား ဆင်းသက်ပေးခဲ့ရကြောင်း ယင်းလေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးက ပြောပြခဲ့ပါတယ်။

“မီးခိုးတွေထွက်လာပြီး ညှော်နံံ့တွေရတယ်၊ လေယာဉ်ဆင်းနေချိန်၊ တအားကို လန့်နေတာပေါ့၊လေယာဉ်မှူးကြီးတော်လို့ ထိခိုက်ဒဏ်ရာမရရှိကြတာ”ဟု ၎င်းကပြေညပြထားပါတယ်။ ယင်း လေယာဉ်မတော်တဆဖြစ်ပွားမှုသို့ ကယ်ဆယ်ရေးများ သွားရောက်ကယ်ဆယ်လျက်ပြီး ယာဉ်ပေါ်တွင် နိုင်ငံကျော်အနုပညာရှင်တွေလည်း လိုက်ပါခဲ့ကြောင်း သိရပါတယ်။

Photos - MNA Airline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။