sexy မော်ဒယ်လ်လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ ရှင်ယွန်းမြတ်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ သူမဟာဆိုရင် ချစ်ဖို့ ကောင်းတာဖြစ်ပြီး ဟန်ပန်အမူအရာ နွဲ့ နှောင်းတဲ့အတွက်ကြောင့် ပုရိသတွေရဲ့ အသည်းစွဲတစ်ဦးပင်ဖြစ်နေပါတယ်..။ အတိုအပြတ်လေးတွေကို ဝတ်ဆင်လေ့ရှိပေမယ့် အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိစွာလှပနေတာပဲဖြစ်ပါတယ်..။ မြန်မာ့ရိုးရာ ဝတ်စုံလေးတွေကိုလည်း အမြတ်တနိုးနဲ့ ဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်..။

Life + Film Production မှ စီစဉ်ထုတ်လုပ်ပြီး ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်တဲ့ "အပေးအယူ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်မှာ အနုပညာရှင်မောင်နှမများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်...။ ထိုဇာတ်ကားကြီးတွင် " အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ ဇင်ဝိုင်း၊ သိန်းလင်းစိုး၊ နေရဲ၊ မင်းခန့်ကို၊ အေးမြတ်သူ၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ ရှင်ယွန်းမြတ်၊ ထက်ထက်ထွန်း၊ ဆုရှှိုင်း၊ ခေးလရောင်၊ ခင်လွှမ်း၊ ဟန်သီအစရှိသည့် အနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပါတယ်...။ ကလေးသရုပ်ဆောင် နန်းထိပ်ထားကလည်း ပါဝင်ထားပါသေးတယ်..။

ရှင်ယွန်းမြတ် ဟာ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြ ပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "အပေးအယူ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲမှာ မြန်မာဝတ်စုံ အဝါဝမ်းဆက်လေးနဲ့ အလှပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာပါနော်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Shin Yoon Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။