နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထူးအောင်တစ်ယောက် အမိုက်စားပုံရိပ်တွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားလိုက်ပြန် ပါတယ်။ အမိုက်စားဘော်ဒီနဲ့ ယောကျာ်းပီသတဲ့ ခပ်ချောချောမျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်လို့နေပါတယ်။ မော်ဒယ်တစ်ဦးအဖြစ်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး လက်ရှိ မှာတော့ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိနေပြီပဲဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အလန်းစား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိခဲ့ပါတယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် သရုပ်ဆောင်ထားမလည်းဆိုတာတော့ သူရဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားချင်စရာပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ထူးအောင်ကတော့ အမြဲလို ဖက်ရှင်အမိုက်စားတွေနဲ့ စမတ်ကျ ခန့်ညားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း ဆယ်ကျော်သက်ကောင်မလေးတွေကြွေသွားရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေကိုသူရဲ့ ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။