သရုပ်ဆောင်ဘက်မှာတင်မဟုတ်ပဲ အဆိုဘက်မှာလည်းထူးချွန်သူလေးကတော့ဂပရိသတ်တွေရဲ့အချစ်တော်မင်းသမီးလေး နန်းမြတ်ဖြိုးသင်းပဲ ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကိုနားထားပြီး သားလေးကိုအချိန်ပေးနေတာပါ။ ဒ့ါအပြင် ခင်ပွန်းသည်ရဲ့ချစ်ခင်ဂရုစိုက်မှုတွေကြောင့်လည်း ကြည်နူးပီတိဖြစ်နေရတာပါ။

နန်းမြတ်ဟာ ချစ်စရာကောင်းတဲ့သားလေးကိုဧပြီ(၁၂)ရက်မှာမွေးဖွားခဲ့တာပါ။ သားလေးကို အောင်အောင်မြင်မြင်နဲ့မွေးဖွားခဲ့တာကြောင့် နန်းမြတ်တစ်ယောက်ပျော်ရွှင်နေတာပါ။ သားလေး jack jack ဟာလည်းအိမ်ရဲ့မြေးဦးလေးဖြစ်တာကြောင့်နှစ်ဖက်ဖိုးဖိုး၊ဖွားဖွားတွေရဲ့အသည်းကျော်ဖြစ်နေတာပါ။

နန်းမြတ်ဟာ လွန်ခဲ့တဲ့နာရီပိုင်းက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာသားလေးနဲ့ပက်သက်တဲ့ အကြောင်းအရာတစ်ခုကိုပရိသတ်တွေဆီ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ “ သားသားလေး၁လပြည့်ပြီ

မိခင်နို့တမျိုးပဲတိုက်ပေမယ့် ၁လအတွင်း၄ပေါင်နီးနီးတက်တဲ့မေမေ့သားလေး

၁လအတွင်းပြောင်းလဲမှုလေးတွေမှတ်တမ်းတင်ထားမယ်နော်

#JackJack #onemontholdbaby ” ဆိုပြီးတင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေသိရှိနိုင်အောင်မျှဝေပေးလိုက်ပါတယ်နော်။

Photo - Nann Myat Phyo Thinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။