ပရိသတ်အချစ်တော် နေခြည်ဦးကတော့ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ခြေချနိုင်နေပြီဖြစ်ပါတယ်။နေခြည်ဦးကို အားပေးပြီးချစ်ခင်တဲ့ပရိသတ်တွေကလည်း မနည်းတာမို့ နေခြည်ဦးရဲ့အနုပညာလှုပ်ရှားမှုတွေကို တစ်ခဲနက်အားပေးကြတာပါ။နေခြည်ဦးကလည်း အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးလာခဲ့ပြီး တက်သစ်စရွှေမင်းသမီးလေးပေမယ့် သူမရဲ့သရုပ်ဆောင်တဲ့အိုင်တင်တွေထဲမှာ ပရိသတ်ကြီးတောင်မျောပါသွားရပါတယ်။

နေခြည်ဦးကတော့ လူငယ်ပီပီ သွက်လက်ပွင့်လင်းပြီး ရိုးသားကြိုးစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် လူချစ်လူခင်လည်းပေါများပါတယ်နော်။နေခြည်ဦးကို ကုမ္ပဏီတာ်တော်များများက Brand Ambassador အဖြစ်ခန့်အပ်ကြပြီး ပွဲတိုင်းလိုလိုမှာ သူမကို တွေ့မြင်နေရတာပါနော်။သူမကိုအားပေးတဲ့ မိန်းကလေးပရိသတ်တွေအတွက်လည်း အလှအပရေးရာ ဗဟုသုတမှန်သမျှကို မျှဝေပေးနေပြီး နေခြည်ဦးကြော်ငြာတဲ့ပစ္စည်းတွေဟာ ဆိုင်တွေမှာ ပျက်လပ်သွားတဲ့အထိအောင် အားပေးကြမ်းကြတာဖြစ်ပါတယ်။

နေခြည်ဦးက အခုဆိုရင်လည်း L’Oréal Paris ကအသစ်ထပ်မံထွက်ရှိလာတဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို တက်ရာက်ခဲ့ပါတယ်နော်။နေခြည်ဦးကတော့ လူအများကြာထဲမှာထင်းနေတဲ့ အပြင်အဆင်အချယ်အသတွေနဲ့ အရမ်းကိုလှနေပြီး သူမကိုယ်သူမ confidentရှိမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မိန်းကလေးချင်းတောင် လည်ပြန်ငေးသွားရပါတယ်နော်။နေခြည်ဦးရဲ့ အမိုက်စားစတိုင်တွေကတော့ အရမ်းလန်းနေပြီး ပွဲခင်းအလယ်မှာ ထင်ရှားနေတဲ့ သူမရဲ့ ယုံကြည်မှု့အပြည့်နဲ့အလှပုံရိပ်တွေကို ပရိသတ်ကြီးလည်း တွေ့မြင်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်နော်။

Source:beautybynaychi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။