အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးတစ်ယောက် ဒီကနေ့မှာကျရောက်တဲ့ အမေများနေ့ အတွက် ဆုမွန်ကောင်းစကားလေးကို ချစ်ခင်ရင်းနှီးတဲ့ အနုပညာမောင်နှမတွေရဲ့ မိခင်တွေကို ဆုတောင်းစကားဆိုခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်တိုင်က မိဘနှစ်ပါးလုံးမရှိခဲ့တဲ့ အနှစ်သုံးဆယ်လောက် ရှိပြီဖြစ်တာမို့ ကိုယ်ချစ်ခင်ရင်းနှီးသူတွေရဲ့ မိခင်တွေကိုပဲ ကိုယ့်မိခင်အရင်းလိုသဘောထားပြီး အခုလို ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ 

မိဘနှစ်ပါးလုံးမရှိတော့ပေမယ့် ယုန်လေးတစ်ယောက် ဘဝကိုအကောင်းဆုံးကြိုးစားပြီး အခက်အခဲ တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တာ အခုဆိုရင် ပြည်သူချစ်တဲ့အနုပညာရှင်အဖြစ်နဲ့ အောင်အောင်မြင်မြင် ရပ်တည်နေပြီပဲဖြစ်ပါတယ်။ ဘာပြဿနာပဲဖြစ်ဖြစ် အမြဲတမ်းဝင်ရောက်ကူညီတတ်တဲ့ စိတ်သဘောထားကောင်းတဲ့ ယုန်လေးကိုလည်း ချစ်ခင်ရတဲ့ ညီကိုမောင်နှမတွေရဲ့ မိခင်တွေကလည်း ကိုယ့်သားလေးကို ချစ်ခင်ကြောင်းပြန်လည်ပြောကြားထားပါသေးတယ်။ 

ဒီနေ့လေးကို " Happy Mother Day တွေကြီးပဲတွေ့ရတော့ အဖေ အမေမရှိတာလဲ နှစ် ၃၀လောက်ရှိပြီဆိုတော့ အရမ်းကြီး ခံစားချက်မရှိတော့ပါဘူး ဒါပေမယ့် ကိုချစ်တဲ့ ညီအစ်ကို မောင်နှစ်မတွေရဲ့ မေမေတွေ ချစ်စရာကြီးတွေဆို ချစ်တယ် နောက်တယ် .အဲ့ဒါကြောင့် ကျွန်တော်ချစ်တဲ့ တီတီတွေကို Happy Mother Dayလုပ်ခွင့်ပြုပါ Happy Mother Day

1 ဆူဇီ မေမေ အန်တီလုနန်း

2 ကျော်ထွန်းစိန် မေမေ

3 မိုင်လေး မေမေ အန်တီ မိုင်

4 ကြက် ရဲ့ မေမေ

5 အိမ့်ချစ် မေမေ အန်တီဝါ

6 ထွန်းထွန်း မေမေ အန်တီမီး

7 သဇင် မေမေ အန်တီနိုင်

8 ကိုကျော့် မေမေ

9 နန်းမူဆာ မေမေ

10 Jenny မေမေ

11 မကာ မေမေ ကျွန်တော့်အမေသူငယ်ချင်း

12 နွေးနွေး မေမေ မူလေး haa ha ha

13 Waiလျံ ဘောကြီး မေမေ အန်တီမော်

14 De De မေမေ

15 Phyo Mg Mg Kyawမေမေ

16 Nay Dway မေမေ

17 ကိုတီ မငွေတီ ကိုညဏ် မေမေ

18 ညီမလေး ခင်ဝင့်ဝါ မေမေ

19 မြင့်မြတ် မေမေ

20 မိုးယံ မေမေ အန်တီ ခိုင်ဝါ

21 ကိုခင်လိူင် အုပ်ထိန်းသူ မေမေ ဆုန်သင်း

ချစ်လှစွာသော အားလုံး Happy Mother Dayပါ

အရာရာ အဆင်ပြေပြီး သာယာတဲ့မိသားစုဘဝလေးတွေ ရာသက်ပန်ပိုင်ဆိုင်ပါစေ နောက်ဆုံးတစ်ယောက်ကတော့ တကယ်ချစ်ခင်ပါတယ် မေမေ သု Nyi Maungေ နာက်နှစ် Happy Mother Day မှာWish မလုပ်ချင်ပဲ စီလီကွန်တွေပြုတ်ပြီး Happy Father Day ပြောင်းလုပ်ချင်ပါတယ် ဖေဖေ သု haa haa haaa . အားလုံး Peace " ဆိုပြီး ယုန်လေးတစ်ယောက် သူ့ရဲ့လူမှုကွန်ယက်မှာတင်လိုက်တာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှမိခင်တိုင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ Happy Mother's Day.

Photo - Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။