စံထိပ်ထားဦးတစ်ယောက် အမေများနေ့မှာ အမေကိုအပြတ်အသတ်ကြွေသွားမယ့် စကားလုံးတွေနဲ့ သူမရဲ့အချစ်တွေကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ အမြဲလိုလို သားမိနှစ်ယောက်အတူတူ ဆင်တူအင်္ကျီ လေးတွေဝတ်တတ်ပြီး ပရိသတ်တွေက ညီမလားလို့တောင် အမြဲတမ်းစနောက်နေကြတဲ့ ချစ်စရာကောင်းတဲ့ မေမေနဲ့သမီးပါပဲ။ မိသားစုလိုက် ခရီးတွေသွားကြပြီး ပျော်စရာအမှတ်တရတွေကိုလည်း ဖန်တီးတတ်ကြပါသေးတယ်။ 

မိခင်ရဲ့ခြေရာကိုလိုက်ပြီး အနုပညာအလုပ်တွေကို သူမကဝါသနာပါပေမယ့် အသက်အရွယ်ငယ်သေး တာမို့ မိခင်ကရုပ်ရှင်ဇာတ်ကားတော့မရိုက်ကူးခိုင်းသေးပါဘူး။ ကြော်ငြာလေးတွေတော့ ရိုက်ကူးထားပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီပေးပွဲမှာတော့ ရွှေကြိုမယ်လေးအဖြစ်နဲ့ ပါဝင်အားဖြည့်ခဲ့ပါ သေးတယ်။ 

ဒီနေ့မှာကျရောက်တဲ့ မိခင်များနေ့အတွက် ထိပ်ထိပ်တစ်ယောက် " Happy Mother’s Day ပါချစ်ရသောမေမေ Thank you so much for being my personal Wonder Woman since my day 1 on earth please let me love you unconditionally till the end of my life And I’m truly sorry for being such a brat sometimes or everytime and I will try my best to be the daughter you taught me to be love you to the moon and back " ဆိုပြီး မိခင်ကိုအပြတ်အသတ် ခြွေလိုက်တာပဲဖြစ်ပါတယ်။

Photo - San Htate Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။