ပရိသတ်ကြီးရေ တိုင်းရင်းသူလေးဖြစ်ပြီး ပုရိသအပေါင်းရဲ့ အသည်းနှလုံးမှာနေရာယူထားတဲ့ မော်ဒယ်လ်သရုပ်ဆောင် နော်ဖောအယ်ထားကိုသိကြမယ်ထင်ပါတယ်နော်..။ သူမဟာဆိုရင် " Telenor Myanmar" နဲ့ "Sunkist Myanmar" တို့ရဲ့ brand ambassador တစ်ယောက်ဖြစ်ပြီး အသက်အရွယ်ငေးငေးလေးနဲ့ အောင်မြင်မှုများစွာကိုရရှိထားပါ....။ အတိုအပြတ်လေးတွေဝတ်ဆင်လေ့ရှိပြီး အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိလှပနေတာပါ...။

နော်ဖောအယ်ထားဟာ မေတိုးခိုင်နှင့်သူငယ်ချင်းတွေဖြစ်ကြပြီး အနုပညာအလုပ်တွေကို အတူလက်တွဲ လုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်..။ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင် ချစ်ခင်ကြပြီး အမြဲအတူသွား၊ အတူလာရှိတာဖြစ်ပါတယ်..။ ခရီးတွေလည်းထွက်လေ့ရှိပြီး ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာပါနော်..။ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်းပြုလုပ်ဖန်တီးပြီး ပရိသတ်တွေကြည့်ရှုခံစားရအောင် ဖျော်ဖြေပေးလေ့ရှိတာဖြစ်ပါတယ်...။

နော်ဖောအယ်ထားဟာ ခေတ်လူငယ်ပီပီ social media ကွန်ယက်များဖြစ်ကြတဲ့ facebook စာမျက်နှာနဲ့ Instagram ပေါ်တွင် သူမရဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာကို မြင်တွေ့ရမှာပါ..။ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် ရင်းနှီးမှုရှိအောင်လို့လည်းဆိုရမှာပါနော်..။ ကမ်းခြေတွေလည်း သွားလေ့ရှိပြီးသောင်ပြင်ထက်က ပုံရိပ်တွေဟာဆိုရင်လည်းတစ်ကယ်စွဲမက်စရာကောင်းလှပါတယ်..။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မြင်တွေ့ရမယ့် နော်ဖောအယ်ထားကို ဆက်လက်အားပေးသွားကြပါဦး...။

Source Naw Phaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။