ပရိသတ်ကြီးရေ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ကတော့ သမီးငယ်လေး Scarlett လေးကိုမွေးဖွားပြီး မိသားစုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။scarlettလေးကလည်း ဖေဖေ မေမေတို့ရဲ့ အချောအလှတွေ အကုန်စုနေပြီး ပန်းနုသွေးရောင်အသားအရည်လေးနဲ့ အရမ်းလှတဲ့မျက်လုံးလေးတွေကို ကြည့်မယ်ဆိုရင် ကြီးလာတဲ့အခါ မေမေမြတ်လိုပဲ ပုရိသတွေဝိုင်းဝိုင်းလည်နေမှာပဲနော်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ကတော့ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ သေချာပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။

အာဘွိုင်းကတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး မိသားစုအတွက် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ချစ်ဇနီးလေး မြတ်ကလည်း သမီးတွေနဲ့ခင်ပွန်းအပေါ်ကို သေချာပြုစုယုယရင်း လူကြီးမိဘတွေအပေါ်လည်း လိမ္မာသိတတ်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ပါနော်။ဇနီးမောင်နှံနှစ်ယောက်က အသက်အရွယ်ကွာဟပေမယ့် အာဘွိုင်းကလည်း နုပြီးချောမောခန့်ညားနေတာကြောင့် လိုက်ဖက်ညီတဲ့ဇနီးမောင်နှံပါနော်။

အာဘွိုင်းနဲ့မြတ်က ဘယ်သွားသွား အတူတူသွားလာပြီး သမီးငယ်လေးကိုလည်း ခေါ်သွားနေကျဖြစ်ပါတယ်။အခုဆိုရင်တော့ အာဘွိုင်းတို့မိသားစု၃ယောက်က ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်မျှာ်ကြပြီး"ကျနော်တို့ နှစ်ယောက်က ကိုးကွယ်တဲ့ ဘာသာမတူကြဘူး။ ဒါပေမယ့် ကျနော် ဘုန်းကြီးဆွမ်းကပ်တာတို့၊ ဘုရားသွားတာတို့ဆိုရင် သူလိုက်ပေးသလို... သူ ဘုရားကျောင်းသွားရင်လည်း ကျနော် လိုက်စောင့်ပေးတယ်။ သမီးလေး Scarlett ကတော့ ကျနော်တို့ နှစ်ယောက်ဘယ်သွားသွားလိုက်တယ်" ဆိုပြီး ဇနီးမောင်နှံနှစ်ယောက်က ဘာသာမတူပေမယ့် ပါရမီဖြည့်ဖက်ကောင်းတွေပီသကြတာကြောင့် အရာရာအဆင်ပြေချောမွေ့သွားပါတယ်နော်။

Source:Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။