မိုးအောင်ရင်ကတော့ အနပညာလောကမှာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာတစ်ယောက် အပါအဝင်ဖြစ်ပြီး ပြည်သူချစ်အနပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေကိုအမြဲပြုံးပြနေတဲ့ မိုးအောင်ရင်ကတော့ မူးယစ်ဆေးအမှုနဲ့ အချုပ်ကျနေခဲ့တာပဲဖြစ်ပါတယ်။

မိုးအောင်ရင်က နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှပြန်လွတ်လာခဲ့ပြီ ဖြစ် ပြီး အနုပညာရှင်နဲ့ ပရိသတ်တွေအားလုံးက ဝမ်းသာနေရတာ ဖြစ်ပါတယ်။မိုးအောင်ရင်က ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးနဲ့ ဖခင်ရဲ့နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ယနေ့မှာတော့ မိုးအောင်ရင်ဟာတည်ကြည်ရှင်းလင်းတဲ့မျက်နှာလေးနဲ့ အေးချမ်းတဲ့သာသနာဘောင်ကို မေဃဇယ ဘွဲ့အမည်နဲ့ဝင်ရောက်သွားပြီဖြစ်ပါတယ်။ အောင်ရင်ကတော့ " သားကသင်္ကန်းစီးပြီး မေဃဇယ ဘွဲ့အမည်နဲ့ရန်ကုန်မှာကျန်ခဲ့တယ် အဖေနဲ့အမေကတော့ဘိလပ်ခဏပြန်ပြီဗျ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:အောင်ရင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။