ပရိသတ်ကြီးရေ.. စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်မလေးပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် အေးချမ်းတဲ့ အလှတရားတွေနဲ့ ဖြူစင်ပွင့်လင်းတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး စိုးပြည့်ကတော့ ခင်မက်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာလည်း တစ်ထောင့်တစ်နေရာနေ ပါဝင်ကူညီပေးတတ်သူလေးလည်း ဖြစ်ပါတယ်..။

ပရိသတ်အသည်းကျော်လေး စိုးပြည့်ဟာ အခုတစ်ခါမှာလည်း မင်္ဂလာပွဲလေး တစ်ခုမှာ သတို့သမီးအရံလေး အဖြစ် ပါဝင်အားဖြည့် ကူညီနေခဲ့တာ တွေ့ရပါတယ်နော်..။

သတိုးသမီးအရံလေးအဖြစ် အဆိုတော် သရုပ်ဆောင်ထွန်းထွန်းနဲ့အတူ သတို့သား သတို့သမီးအရံ စုံတွဲလေးအဖြစ် ပညဝင်ကူညီပေးခဲ့တဲ့ စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာလေးတွေပါပဲ..။

ချစ်စရာကောင်းလွန်းတဲ့ သတို့သမီးအရံလေးအဖြစ် ပရိသတ်တွေ အသည်းနင့်အောင် အချစ်ပိုစေတဲ့ စိုးပြည့်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စိုးပြည့်၊ အမရာလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။