ကရင်ပြည်နယ် ဘားအံမြို့က ချစ်သူမြိုင်မှာကျင်းပတဲ့ ကရင်ရိုးရာမင်္ဂလာပွဲလေးမှာ နိုင်ငံကျော်တွေဖြစ်တဲ့ အကယ်ဒမီထွန်းထွန်း အကယ်ဒမီစိုးပြည့်သဇင်တို့အပြင် ဇေရဲထက်နဲ့ စံရတီမိုးမြင့်တို့နှစ်ယောက် အတူတူ သတို့သား သတို့သမီးအရံတွေအဖြစ်နဲ့ ပါဝင်လျှောက်လှမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ ကြည်နူးစရာ မင်္ဂလာပွဲလေးမှာ ဆင်တူဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းနေကြပါတယ်။ 

ကြည်နူးစရာပွဲပုံရိပ်လေးကို " စောချစ်ချစ် နှင့် နန်းကြူကြူလတ် တို့၏ ကရင်ရိုးရာ မင်္ဂလာဧည့်ခံပွဲ " ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ သူမတို့လေးယောက်သား သတို့သားသတို့သမီးကို ခြံရံပြီး လျှောက်လှမ်းနေတဲ့ ပုံရိပ်လေးတွေက တကယ့်ကိုကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်မယ်ဆိုတာ လုံးဝကိုအသေအချာပါပဲ။ 

တစ်ပွဲလုံး ဒေါင်းစိမ်းရောင်ဝတ်စုံလေးနဲ့ အရမ်းကိုကျက်သရေရှိလွန်းနေပါတယ်။ သတို့သား သတို့သမီးကလည်း ပြုံးပျော်ပြီး သူမတို့လေးယောက်သားကလည်း အရမ်းကိုလိုက်ဖက်ကာ ကြည့်ကောင်းလွန်းနေပါတယ်။ ကြည်နူးစရာပွဲလေးရဲ့ မင်္ဂလာသတို့သားနဲ့ သတို့သမီးလည်း သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

Photo - Zay Ye Htet / San Yati Moe Myint 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။