Justin Bieber နဲ့ Hailey Bieber တို့ဟာဆိုရင် စက်တင်ဘာလတုန်းက လက်ထပ်ခဲ့ကြတာက်ိုပရိသတ်ကြီး သိမှာပါ။ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာဆိုရင်လဲ လွယ်ကူခဲ့တာမဟုတ်ပဲ ကြားမှာများစွာသောဖိအားရှိခဲ့ပါတယ်။ JB ကလဲ သူရဲ့ချစ်သူဟောင်းဖြစ်တဲ့ Selena Gomez နဲ့ပြတ်ဖို့အတွက်စကားများနေချိန်မှာ ပရိသတ်တွေရဲ့ပြောဆိုမှုကိုခံခဲ့ရပြီး Hailey တစ်ယောက်ကလဲ ဘာမှဝင်မပြောပဲနဲ့ လူတွေရဲ့ အပြစ်တင်ပြောဆိုမှုကို ခံခဲ့ရပါတယ်။ 

ခုချိန်မှာတော့ Hailey တစ်ယောက်ဟာ သူမျိုသိပ်ခံစားနေရတဲ့ ခံစားချက်တွေကို Social Media ပေါ်က်ို ရေးတင်ခဲ့ပါတယ်။ အဲ့ကိစ္စကဘယ်ကစလဲဆိုရင် သူရဲ့ညီမက သူတို့အတွဲဟာ ဟန်ချက်မညီဘူးလို့ သူတို့မင်္ဂလာဆောင်မဲ့ကိစ္စနဲ့ပတ်သတ်ပြီးပြောခဲ့တာက စဖြစ်ခဲ့တာဖြစ်ပါတယ်။ ပထမတစ်ခေါက်လက်ထပ်တာက တရားရုံးမှာ လက်မှတ်ထိုးတာလောက်ပဲရှိတာမို့ ခုချိန်မှာ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ဖို့အတွက်အချိန်ကို ရက်အကန့်အသန့်မရိှနောက်ဆုတ်ထားနေခဲ့ပါတယ်။ 

" When you find you one you'll understand why the rest never got past second place " ဆိုပြီးပဲရေးထားခဲ့ကာ Ángel Lindberg Vázquez ရဲ့ကဗျာထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် ချစ်တဲ့သူတိုင်းကတော့ ချစ်သူဆိက အလေးထားမှုနဲ့ ချစ်ခြင်းတရားတွေကိုလိုခြင်းစမြဲပါပဲ။ ခုလဲသူတို့ရဲ့မင်္ဂလာဆောင်ဟာ နောက်ကျနေပြီး သူမကို ပစ်ထားသလိုခံစားချက်ကြောင့် ခုလို အဆွေး ကဗျာစာသားကိုရေးတင်ခဲ့တာဖြစ်လောက်ပါတယ်။ ဒါပေမဲ့လဲ JB ကသူမိန်းမကိုအရမ်းချစ်ကြေင်းကို Instagram မှာတင်ခဲ့ဖူးပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။