တနင်္ဂနွေနေ့တုန်းက Johnny Depp တစ်ယောက်ဟာ Les Vegas က ပြဇာတ်ရုံတစ်ခုမှာ သူရဲ့ Rock အဖွဲ့တစ်ခုဖြစ်တဲ့ Hollywood Vampires နဲ့အတူ စင်ပေါ်မှာဖျော်ဖြေတီဆိုခဲ့ပါတယ်။ သူရဲ့အသက်ဟာဆိုရင် ၅၅နှစ်ရှိပြီဖြစ်ကာ Jack Sparrow သရုပ်ဆောင်အဖြစ်ကနေလဲ အနားယူခံလိုက်ရပြီဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ သူဟာ Rocker တစ်ယောက်ဖြစ်တယ်ဆိုတာကို သူရဲ့ Fashion တွေကိုကြည့်ချင်းအားဖြင့်သိမယ်လို့ မျှော်လင့်ပါတယ်။ 

အဖွဲ့ထဲမှာဆိုရင်တော့ Johnny Deppရယ် အသက်၇၁နှစ်ရှိပြီဖြစ်တဲ့ Alice Cooper ရယ် အသက်၆၈နှစ်ရှိပြီဖြစ်တဲ့ Joe Perry တို့ပါဝင်ကြပါတယ်။ သူတို့တွေဟာ ဖျော်ဖြေမှုညမလုပ်ခင်မှာ သူတို့ရဲ့ Album အသစ်ဖြစ်တဲ့ Rise ကို ပြုလုပ်နေကြတာဖြစ်ပြီး ဇွန်လ ၂၁ရက်နေ့မှာ ထွက်ရှိဖို့ လုပ်ဆောင်ထားကြပါတယ်။ Johnnyကြီးတော့ အကြမ်းစားတွေ ဆိုထားမလားမသိဘူး....တကယ့်ကို လန်းနေပါပြီနော်။ ပရိသတ်ကြီးပုံထဲမှာတွေတဲ့အတိုင်းပါပဲ စင်ပေါ်မှာဖျော်ဖြေနေတဲ့ Johnny ရဲ့ Fashion ကိုပေါ့.....။ 

Johnnyဟာဆိုရင်လဲ ဒီနှစ်အစောပိုင်းမှာ မိန်းမတစ်ယောက်နဲ့အတူ ဟိုတယ်တစ်ခုမှာရှိနေတာကို ဓာတ်ပုံရိုက်ခိုင်းခဲ့ရပါတယ်။ သိပ်မကြားသေးခင်ကမှ အဲ့အမျိုးသမီးဟာ Polina Glen ဖြစ်ကြောင်းကို အတည်ပြုထားခဲ့ပါတယ်။ မေလ ၂၀၁၈ခုနှစ်တုန်းကလဲ သူရဲ့ဘေးမှာ အဲ့ကောင်မလေးဟာ ပါဝင်နေခဲ့ပါတယ်။ Glen ဟာဆိုရင် အသက် ၂၃နှစ်ရှိပြီဖြစ်ပြီး အကဆရာမတစ်ယောက်ဖြစ်ပါတယ်။ Polina သူငယ်ချင်းပြောပုံအရ သူတို့နှစ်ယောက်ဟာ ပါတီတစ်ခုမှာ တွေ့ရှိခဲ့တာကိုပြောပြခဲ့ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။