ချစ်ပရိတ်သတ်ကြီးရေ... ဖိုက်တင်ဇာတ်ကြမ်းကားတွေမှာ တိုက်ခိုက်ခန်းတွေ ဖိုက်တင်ခန်းတွေကို ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ယဉ်လတ်ဟာ နာမည်ကျော်လေးပါပဲနော်။ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့အပြင် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေခဲ့ရပါတယ်နော်။

သူမဟာ မဆိုပ်မနစ်နဲ့ သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကြိုးစားလျှောက်လှမ်းနေရင်းနဲ့ အခုဆိုရင်ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကိုထိုက်ထိုက်တန်တန်နဲ့ရရှိထားခဲ့ပါပြီနော်။ သူမဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ရပြီးတော့ ပရိတ်သတ်တွေအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်နော်။

သူမဟာ မိသားစုအပေါ်ကိုလည်းအရမ်းကိုချစ်ပြီးတော့ တန်ဖိုးထားတတ်တဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါသေးတယ်နော်။ အခုတစ်ခါအမေများနေ့မှာလည်း သူမဟာ သူချစ်ရတဲ့မေမေ့အတွက်နှလုံးသားကစကားတွေကိုဖွင့်ဟပြောပြခဲ့ပါသေးတယ်နော်။ "သေခြင်းတရားနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ပြီး သမီးတို့အတွက် အသက်ရှင်ဖို့ရွေးချယ်ပေးခဲ့တာအတွက်နဲ့တင် သမီးဘဝ အရာရာပြည့်စုံပြီ.. သမီးလိမ္မာပါ့မယ်.. အနားမှာအမြဲရှိနေပေးပါ.. ရွေးချယ်ခွင့်ရှိရင်..ဖေဖေနဲ့မေမေ့ထက် သမီး အရင် သေခွင့်ရချင်တယ်" ဆိုပြီးတော့ သူမရဲ့ရင်ထဲကစကားလုံးတွေကို မေမေ့ကိုပြောပြခဲ့ပါတယ်နော်။

Source: Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။