ချိုသာလွန်းတဲ့ မျက်နှာလေးကြောင့်ပရိသတ်တွေရဲ့ရင်ထဲထိနေရာယူထားသူလေးကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေရရှိလာသူတစ်ယောက်ပါ။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့ချစ်ခြင်းများစွာကိုရရှိခဲ့သူပါ။ 

လက်ရှိမှာလည်း “ ပျောက်ဆုံးနေသော အမှန်တရား” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးဟာရိုက်ကူးပြီးစီးသွားပြီပဲဖြစ်ပြီး ပရိသတ်များမကြာခင်မှာ ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများလည်း ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ဇာတ်ကားများကိုစောင့်နေတဲ့ ပရိသတ်များအတွက် ကြိုးစားပမ်းစားရိုက်ကူးလျက် ရှိနေတာပါ။ 

မေလ(၁၁) ရက်နေ့ဟာ မေမြင့်မိုရ်ရဲ့မွေးနေ့ရကါမြတ်လေးပဲ ဖြစ်ပါတယ်။ သူမဟာ မွေးနေ့လေးမှာမိဘများနဲ့အတူ လှူဒါန်းမှုများပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ပရိသတ်များနဲ့အတူ မွေးနေ့ကိတ်ခွဲကာ သူမရဲ့မွေးနေ့ပွဲလေးကိုပျော်ရွှင်စွာဆင်နွှဲခဲ့ပါတယ်။ မနေ့ညကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် “ Shooting ပြီးချိန်လေးမှာ အံ့သြသွားအောင်မွေးနေ့ကိတ်Supriseလုပ်ပေးတဲ့ ချစ်မမ Shwe Yanနဲ့ ဒါရိုက်တာကိုကြီးKaung Zan ကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်

Taurus V Production ရဲ့'ပျောက်ဆုံးနေသောအမှန်တရား' ဇာတ်လမ်းတွဲလေးလဲအောင်မြင်စွာရိုက်ကူးပြီးစီးပါပြီ။ တစ်ဖွဲ့သားလုံးကိုလဲမေလေးကကျေးဇူးများကြီးတင်ပါတယ်ရှင့် ။မကြာခင်ကြည့်ရှုရတော့မယ်နော် ” ဆိုပြီး မျှဝေထားတာပါ။ ပရိသတ်ကြီးလည်း သူမရဲ့အပျော်တွေကိုကူးစက်သွားအောင် ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source- May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။