ပရိသတ်ကြီးရေ အဆိုတော်တစ်ယာက်အဖြစ် အနုပညာနယ်ပယ်ထဲမှာ ရပ်တည်နေတဲ့ အေသင်ချိုဆွေကတော့ ပရိသတ်တွေအားပေးချစ်ခင်ရတဲ့သူတစ်ယောက်ပါနော်။အနုပညာလောကထဲကနေ ခဏမျှပျောက်ကွယ်သွားပြီး အခုချိန်မှာဆိုရင်တော့ အေသင်က အနုပညာအလုပ်တွေတစိုက်မက်မက်ပြန်လည်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။အေသင်က သူမနဲ့တူတဲ့သမီးလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး သမီးလေးအတွက် အလုပ်တွေကိုပိုကြိုးစားနေတာပါနော်။

သမီးလေးရဲ့အိမ်နာမည်ကို အိုင်ဗွီ လို့ ချစ်စနိုးပေးထားပြီး အိုင်ဗွီလေးကို ပရိသတ်တွေကပါ ချစ်ကြပါတယ်နော်။အိုင်ဗွီလေးက မေမေအေသင်အတွက်တော့ အားတစ်ခုဖြစ်စေပြီး အဖော်လည်းရစေပါတယ်နော်။အိုင်ဗွီလေးက တီတီတာတာလေးတွေပြောပြီး အရမ်းချစ်စရာကောင်းတာကြောင့် တွေ့မြင်တဲ့လူတိုင်းကချစ်ပြီး လူချစ်လူခင်ပေါများတဲ့ ကလေးလေးပါ။ပရိသတ်တွေကတော့ မေမေအောသင်ကိုချစ်ရုံတင်မကဘဲ အခုဆိုရင်တော့ သမီးလေးကိုပါ ချစ်နေကြပါပြီ။

အခုဆိုရင် အေသင်ကတော့ သီချင်းအသစ်တွေကိုလည်းဖန်တီးနေသလို သူမရဲ့သီချင်းဟောင်းလေးတွေကိုလည်း သံစဉ်အသစ်လေးနဲ့ ပြန်လည်သီဆိုနေပါတယ်နော်။အခုဆိုရင်တော့ မေမေအေသင် အသံသွင်းတဲ့ စတူဒီယိုကို အိုင်ဗွီလေးကပါ လိုက်သွားပါတယ်။အိုင်ဗွီလေးကို မေမေအသင်ကချီပြီး အသံသွင်းနေရင်း အိုင်ဗွီကပါ သီချင်းတွေလိုက်ဆိုနေပါတယ်။မေမေသီချင်းတစ်ကြောင်းဆိုရင် သူလေးကပါ လိုက်ဆိုပြီး ချစ်စရာကောင်းအောင်ပြုမူနေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါရစေနော်။ 

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။