MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလမ်းကြောင်းကိုရောက်ရှိသူလေးကတော့ ပရိသတ်တွေရဲ့အချစ်တော်မင်းသမီလေး ခြူးလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမဟာ ဘာသာရေးကိုလည်း ကိုင်းရှိုင်းသူပီပီ သြင်္ကန်တွင်းမှာလည်း သီလရှင်ဝတ်ကာ သာသနာ့ဘောင်အတွင်းသို့ ခတ္တဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့အလှဟာ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ပိုပြီးလိုက်ဖက်တင့်တယ်သူလေးပဲ ဖြစ်ပါတယ်။ 

သူမရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေဟာလည်း ပရိသတ်တွေအချစ်ပိုစေတဲ့ အဓိကအချက်ဆိုရင်လည်း မမှားနိုင်ပါဘူး။ သရုပ်ဆာင်ပီပြင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်တဲ့မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကမှာရပ်တည်လာနိုင်တာပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများအပြင် ပွဲအခမ်းအနားများစွာကိုလည်း အမြဲတက်ရောက်နေရသူလေးလည်း ဖြစ်ပါတယ်။  

အလှူအတန်းများလည်း မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခေါက်မှာလည်း ကျိုက်မရောမြို့နယ်မှာ အနုပညာရှင်များနဲ့အတူ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုအထိမ်းအမှတ်အနေဖြင့် ဓမ္မနန္ဒီပညာဒါနကျောင်းဆောင်ဆောက်လုပ်ရန်အတွက်အလှူငွေ(၁၅သိန်း) နှင့်အချိုရည်မုန့်များပါဝင်အားဖြည့်လှဒါန်းလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ ဒီလှူဒါန်းမှုကိုပရိသတ်များ သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရသတ်ကြီးလည်း ခြူးလေးတို့အဖွဲ့သားတွေလှူဒါန်းမှုတွေ ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Chue Chue 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။