သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ နာမည်ကြီးလူကြိုက်များလာတဲ့ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲလေးတွေ အများဆုံးရိုက်ကူးနေရပြီး ကြော်ငြာနဲ့ Photo Shooting တွေလည်း လက်ခံရိုက်ကူးနေရပါတယ်။ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ပိုးက သူမရဲ့မိသားစုအတွက် အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဖခင်ဆုံးပါးပြီးနောက်ပိုင်းကတည်းက မိသားစုရဲ့တာဝန်တွေကို လွှဲပြောင်းယူခဲ့ရတဲ့ ပိုးက အမေအတွက် တိုက်ခန်းတစ်ခန်း ဝယ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က ကျရောက်ခဲ့တဲ့ အမေများနေ့မှာလည်း ပိုးတို့မောင်နှမတွေက ချစ်ရတဲ့မေမေအတွက် အမှတ်တရပွဲလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ ပိုးတို့မောင်နှမလေးယောက်စုပြီး အမေအတွက် ရွှေလက်ကောက်တွေနဲ့ နားကပ်တစ်ရံကို အမေများနေ့ အမှတ်တရ လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။

သိတတ်လိမ္မာလှတဲ့ သား၊သမီးတွေကိုတော့ ပိုးရဲ့မေမေက " အမေများနေ့မှာအမှတ်တရ စေတနာများစွာနဲ့ဆောင်ရွက်ပေးကြတဲ့ သားသမီးလေးယောက် ငြိမ်းငြိမ်း ဖူးဖူး သားသား အုပ်ကလေး ကျေးဇူးအများကြီးတင်ပါတယ်။ သားသမီးများအားလုံးကျန်းမာချမ်းသာကြပါစေ" ဆိုပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ ပိုးကြာဖြူခင်တို့မိသားစုလေးရဲ့ ပုံနဲ့ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Poe Kyar Phyu Khin & Aye Aye Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။