ပရိသတ်ကြီးရေ.. အနုပညာလောကမှာ စုံတွဲလိုက် တက်ညီလက်ညီနဲ့ လိုက်ဖက်ညီညီ အနုပညာအလုပ်တွေကို အတူ လက်တွဲလုပ်ဆောင်နေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်စုံတွဲလေးကတော့ ခီမောင်နှံပဲ ဖြစ်ပါတယ်နော်..။

ခီမောင်နှံလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ စုံတွဲလေးကတော့ အနုပညာလောကမှာ အားကျလောက်အောင် လိုက်ဖက်ညီလွန်းလှသလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း သားလေးနဲ့အတူ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်နော်..။

ကြည်နူးမှုတွေအပြည့်နဲ့ အားကျလောက်အောင် လိုက်ဖက်ညီချစ်တတ်လွန်းကြတဲ့ သူတို့စုံတွဲလေးကတော့ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီ ချစ်ခင်မြတ်နိုးကြသလို မေလ(၁၂)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေများနေ့မှာလည်း ဇဏ်ခီက သူ့ရဲ့ချစ်ဇနီးလေး ခရစ္စတီးနားခီအတွက် ဂုဏ်ပြုစကားလေး ဆိုလိုက်ပါသေးတယ်..။

အနုပညာရှင်တွေဖြစ်ကြတဲ့အတီုင်း ပရိသတ်တွေနဲ့ အလုပ်တွေကြောင့် တစ်ခါတစ်လေ မိသားစုအတွက် အချိန်နည်းနေလို့ သားလေးအတွက် စိတ်မကောင်းဖြစ်နေရှာတဲ့ ချစ်ဇနီးလေးကို အားပေးစကားလေးဆိုရင်း ဂုဏ်ပြုလိုက်တာပဲ ဖြစ်ပါတယ်နော်..။

“Happy Mommy's Day မေကြီး!

အလုပ်အရမ်းများတဲ့ ဒါရိုက်တာအလုပ်ကိုလုပ်မိပြီး အလုပ်တွေများတိုင်း ကိုယ့်ကိုယ်ကို မိခင်ကောင်းတစ်ယောက်မဟုတ်ဘူးလို့ အပြစ်တင်တတ်တဲ့သူလေးကို ဖေကြီးကတစ်ခုပြောချင်ပါတယ်.. You are a great mother. I can see in your eyes that you'll do anything to protect our son. And Noah knows that you love him. ဆိုတော့ ကိုယ့်ကိုယ်ကိုအဲ့ဒီ့စိတ်ကြီးနဲ့မထောင်းနဲ့တော့နော်။ We both love you very much!!..” ဆိုပြီး ဇဏ်ခီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်ဇနီးလေးကို အားပေးစကားဆိုရင်း ဂုဏ်ပြုလိုက်တာပဲ ဖြစ်ပါတယ်..။

ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ သူတို့ မိသားစုပုံရိပ်လေေးတွဟာ ပရိသတ်တွေကို အပျော်လေးတွေကူးစက်ပြီး အားကျစေသလို တာဝန်သိပြီး ချစ်တတ်လွန်းကြတဲ့ သူတို့စုံတွဲလေးကြောင့်လည်း ပရိတသ်တွေက အမြဲ အချစ်ပိုနေကြတာဆိုလည်း မမှားပါဘူး..။

Photo - ဇဏ်ခီ၊ ခရစ္စတီးနားခီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။