ထွန်းထွန်းကိုတော့ မြန်မာနိုင်ရဲ့ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ ပရိသတ်အသည်းကျော်လေး ထွန်းထွန်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အသည်းစွဲချစ်ခဲ့ရသူလေးဖြစ်ပါတယ်။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ်တွေအချစ်တွေကိုလဲ ရရှိနေသူလေးပဲဖြစ်ပါတယ်။   

ယနေ့မှာတော့ ထွန်းထွန်းတစ်ယောက် စိုးပြည့်သဇင်၊ ဇေရဲထက်နဲ့ စံရတီမိုးမြင့်တိုနဲ့အတူ ကြည်နှုးစရာကောင်းတဲ့ မင်္ဂလာပွဲလေးမှာ သတို့သားအရံလုပ်ခဲ့ပါတယ်။ ပြည်သူချစ်အနပညာရှင်တွေများစွာလဲ ညီလေး စောချစ်ချစ်နဲ့ ညီမလေး နန်းကြူကြူလတ်တို့ရဲ့ ကြည်နှုးစရာကောင်းတဲ့ မင်္ဂလာပွဲလေးကို ပျော်ရွှင်စွာတတ်ရောက်လာကြပါတယ်။  

ထွန်းထွန်းကတော့ " အရမ်းကို ကြည်နှုးစရာကောင်းတဲ့ ပျော်စရာမင်္ဂလာပွဲလေးမှာ သတို့သားအရံ လုပ်ခွင့်ရခဲ့ပါတယ်ဗျာ။ ညီလေး စောချစ်ချစ် ညီမလေး နန်းကြူကြူလတ်နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ရွှေလက်ထာဝရတွဲသွားကြပါစေလို့ လူပျိုကြီး ကိုကိုထွန်းထွန်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ...ဝမ်းမြောက်ကြည်နှုးတကယ် အားကျပါသည် " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

source: ထွန်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။