ပီပြင်ကျွမ်းကျင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေရရှိပိုင်ဆိုင်ထားသူလေးကတော့ ပြည်သူချစ်အနုပညာရှင် မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ ရွှေကစ်လို့ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့သူမဟာ ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲထိဝင်ရောက်နေရာယူထားတာပါ။ သူမဟာ ဂျပန်မလေးလို့ထင်ရလောက်အေအာင် အသားအရည်ဖြူဖွေးနုလွန်းသူပဲ ဖြစ်ပြီးမိန်းကလေးချင်းတောင် ကြွေချင်စရာကောင်းလောက်အောင် လှရက်နိုင်လွန်းသူလေးပါ။  

အသက် ၃၀ လို့ထင်ရက်စရာမရှိလောက်အောင် နုပျိုလွန်းတာလည်း ပရိသတ်တွေအသိပါပဲနော်။ သူမဟာ ယနေ့ထက်ထိချစ်သူမရှိသေးတာကြောင့်လည်း ပရိသတ်များက သူမရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားနေကြတာပါ။ ရွှေကစ်လေးဟာ မိဘကိုသူမရတဲ့ အနုပညာကြေးများနဲ့လုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးပါ ။ သူမဟာ ရှုတင်နားရက်များတွင်လည်း တရားစခန်းများလည်း မကြာခဏဝင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ 

အပန်းခြေခရီးတွေကိုလည်း မကြာခဏထွက်လေ့ရှိတဲ့ရွှေကစ်လေးဟာ လတ်တလောမှာ ငပလီကမ်းခြေမှပြန်ရောက်ထားတာပါ။ ချစ်ရသောမိသားစုဝင်၊ သူငယ်ချင်းများနဲ့သွားခဲ့တာကြောင့်လည်း အပျော်ကြီးပျော်နေသူလေးပါ။ သူမရဲ့ instagram myday လေးမှာလည်း ရေကူးကန်ထက်မှာ sexy ဆန်ဆန်ရေကူးနေတဲ့ ဗီဒီယိုလေးကိုတင်ထားတာပဲဖြစ်ပြီး ပရိသတ်ကြီးလည်ရွှေကစ်လေးရဲ့ အမိုက်စား ဗီဒီယိုလေးကို ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။