နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ စိုးမြတ်သူဇာကတော့ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေနဲ့ ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုးမြတ်သူဇာက ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးနေဆဲ ဖြစ်သလို ညီအစ်မတွေနဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ စိုးမြတ်သူဇာတို့ညီအစ်မတစ်စုက "မင်းသမီး" ပိုးထည်တိုက်ဆိုတဲ့ ဆိုင်လေးကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။

စိုးညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ စိုးမြတ်သူဇာက ညီမတွေနဲ့အတူ အရွယ်တင် နုပျိုလှပလွန်းသူလည်း ဖြစ်ပါတယ်။ မြန်မာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားပြီး မြန်မာဝတ်စုံလေးတွေနဲ့ လုံခြုံစွာ ဝတ်စားဆင်ယင်တတ်တဲ့ မကြီးစိုးကိုတော့ ပရိသတ်တွေက လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ်။ အခုလည်း စိုးမြတ်သူဇာ နောက်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဆံပင်ပုံစံပြောင်းလဲရင်း မထင်မှတ်ထားလောက်အောင် ပိုမိုနုပျိုလှပသွားတာ တွေ့ရပါတယ်။

ဆံပင်အတိုလေးညှပ်လိုက်ပြီး ကာလာပြောင်းလိုက်တဲ့အခါမှာတော့ မကြီးစိုးတစ်ယောက် လူမှားရလောက်တဲ့အထိ အရမ်းကို နုပျိုသွားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မကြီးစိုးရဲ့ အပြောအဆို၊ အမူအယာလေးတွေကလည်း တကယ့် ကလေးလေးတစ်ယောက်လို ဖြူစင်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရုပ်မလေးပမာ နုပျိုလှပနေတဲ့ မကြီးစိုးရဲ့ပုံရိပ်လေးတေနဲ့ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Soe Kyi Phyu & Agnes Lim Lim; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။