နိုင်ငံကျော်ရုပ်ရှင်မင်းသမီး အကယ်ဒမီဆုရှင် ခင်ဇာခြည်ကျော်ဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေသလို၊ မိသားစုဘဝလေးကလည်း သာယာအေးချမ်းလှပါတယ်...။ သားနဲ့သမီးဖြစ်ကြတဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာဟာဆိုရင် လိမ္မာယဉ်ကျေးပြီးမိခင်အပေါ် သိတက်စွာ လုပ်ကျွေးပြုစုနေတာပဲဖြစ်ပါတယ်..။ သားဖြစ်သူ ဘုန်းမင်းနေလဟာဆိုရင် ၂၀၁၈ ခုနှစ်အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့ပြီး အနာဂတ် အနုပညာကြယ်ပွင့်လောင်းလေးဖြစ်ပါတယ်..။ ဘုန်းမင်းနေလနဲ့ ထင်သစ္စာဆိုတို့ မောင်နှမနှစ်ယောက်ဟာဆိုရင်လည်း သိပ်ချစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဦးစားပေးသူတွေဖြစ်ပါတယ်...။

ခင်ဇာခြည်ကျော်ဟာ ရဲရင့်တဲ့ မိန်းမသားပီပီ သားနဲ့သမီးရှေ့မှာ မားမားမတ်မတ်ရပ်ပြီး အခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့တာပါ...။ မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်ဟာဆိုရင် သားနဲ့သမီးအပေါ် အပိုအလို မရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ မျှမျှတတ ချစ်ခင်ကြင်နာပြီး တစ်ယောက်ချင်းစီရဲ့ ဘဝလျှောက်လှမ်းကို လမ်းမှန်စွာ ပဲ့ကိုင်တည့်မတ်ပေးနေတာကို ပရိသတ်ကြီးတို့အနေနဲ့ မုဒိတာပွားဖွယ်မြင်တွေ့ကြရမှာပါ..။ သားဖြစ်သူဘုန်းမင်းနေလဟာဆိုရင်တော့ shooting ရိုက်ကွင်းတွေမှာ မော်ဒယ်လ်တစ်ယောက်အဖြစ်တွေ့မြင်ရမှာလည်းဖြစ်ပါတယ်...။

ခင်ဇာခြည်ကျော်တို့ မိသားစုလေးဟာဆိုရင် အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး အလှူဒါနတွေကိုလည်း သဒ္ဓါတရားထက်သန်စွာ လှူတန်းလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သားဖြစ်သူ ဘုန်းမင်းနေလဟာဆိုရင် မနေ့က ကျရောက်ခဲ့တဲ့ အမေများနေ့မှာ မိခင်ဖြစ်သူကို ကျေးဇူးဆပ်ခြင်း အနုပညာလို့ဆိုရမယ့် အကြောင်းအရာအရေးသားနဲ့တကွ ငယ်ဘဝအမှတ်တရပုံရိပ်အချို့ကို tag တွဲပြီးထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်...။ အဆိုပါစာသားလေးကတော့ "ကျွန်တော်အတွက်ဆို ရှေ့ကနေအမြဲရှေ့ကနေမားမားမတ်မတ်ရှိပေးခဲ့တဲ့ မေမေ၊ ရဲရင့်တဲ့မေမေ အဖေမဟုတ်သောအဖေ မေမေကျွေးမွေးပြုစုစောင့်ရှောက်လို့သားဒီအသက်အရွယ်ထိရောက်လာတာပါ... သားကမေမေရဲ့သားပါမေမေ အရမ်းချစ်တယ်...ခရီးမှာအဆင်ပြေရဲ့လားပြီးတော့ လွမ်းနေပြီ မြန်မြန်ပြန်ခဲ့တော့..." လို့ဆိုပြီး လွမ်းဆွတ်ဖွယ် ဂရုဏာ ရသမြောက်အောင်ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်ကို ဆက်လက်အားပေးသွားကြပါဦးနော်...။

Source Phonemin Nay La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။