ပရိသတ်ကြီးရေ ပြီးခဲတဲ့ရက်ပိုင်းမှာတော့ ပြင်သစ်နိုင်ငံက မြို့လေးတစ်မြို့မှာ ထူးဆန်းတဲ့သတင်းလေးတစ်ခုထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းလေးကတော့ ပြင်သစ်နိုင်ငံ ခရက်အန် ဘယ်လီဒွန်နီမြို့က မူလတန်းစာသင်ကျောင်းလေးတစ်ကျောင်းမှာ သိုး ၁၅ ကောင်ကို ကျောင်းသားအဖြစ် လက်ခံခဲ့တဲ့ သတင်းလေးပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ၎င်းမူလတန်းစာသင်ကျောင်းလေးဟာ တက်ရောက်သူ ကျောင်းသားတွေ နည်းပါးလာတာကြောင့် စာသင်ခန်းတွေ ဖျက်သိမ်းပစ်ရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

ဘာေကြောင့်လဲဆိုရင် ၎င်းကျောင်းမှာ အစက ပညာသင်ကြားသူ ၂၆၁ ဦးရှိပြီး တဖြေးဖြေးလျော့နည်းလာတာကြောင့် စာသင်ခန်း ၁၁ ခန်းနဲ့ အခန်းတခန်းဖျက်သိမ်းပြီး ၁၀ ခန်းပဲ ထားရှိကာ ပညာသင်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ ကျောင်းသားမိဘတွေနဲ့ ကျောင်းအာဏာပိုင်တွေဟာ ဖျက်သိမ်းရတော့မယ့် အခန်းနေရာမှာ စာသင်ပေးဖို့အတွက် သိုး ၁၅ ကောင်ကို ကျောင်းသားတွေအဖြစ် ကျောင်းအပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ကျောင်းတာဝန်ရှိသူတွေကလည်း ၎င်းသိုးလေးတွေကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာဆရာမတွေရှေ့မှာ တရားဝင်ကျောင်းသားအဖြစ် မှတ်တမ်းတင်လိုက်ပါတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ကျောင်းသားလေးတွေဟာဆိုရင်လည်း သူတို့ရဲ့သူငယ်ချင်းအသစ် သိုးလေးတွေနဲ့ ပညာအတူတူသင်ကြားဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေကြပြီး ၎င်းသိုးလေးတွေကို စာဘယ်လိုသင်ပေးသွားမယ်ဆိုတာကတော့ စိတ်ဝင်စားစရာအကောင်းဆုံး အချက်တစ်ခုအဖြစ် ရှိလို့နေတာပဲဖြစ်ပါတယ်။

SOURCE - SKY NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။