ပရိတ်သတ်ကြီးရေ... ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်အေးမြတ်သူ ဟာ အနုပညာလောကမှာ ပရိတ်သတ်တွေတီးတဲ့လက်ခုပ်သံတွေကြောင့်အောင်မြင်မှုတွေပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။ သူမဟာ သူမချစ်တဲ့အနုပညာအလုပ်ကို စိတ်နှစ်ကိုယ်နှစ်နဲ့ အကောင်းဆုံးသောဖန်တီးမှုတွေကို ပရိတ်သတ်တွေကို ချပြတတ်သူလေးလည်းဖြစ်တာကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်းထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားခဲ့ပြန်ပါတယ်နော်။
အချစ် အမုန်း အလွမ်းကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ ဆေးစက်ကျရာသရုပ်ပေါ်အောင် သူမတူတဲ့ အမိုက်စား အိုက်တင်တွေနဲ့ သရုပ်ဆောင်တတ်သူတစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ပရိတ်သတ်တွေရင်ထဲကို တစ်ခုမဟုတ်တစ်ခုကတော့ ခံစားချက်တွေကျန်ခဲ့စေပါတယ်နော်။ သူမဟာ အခုနောက်ပိုင်းမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားတွေ ကြော်ငြာတွေနဲ့ ပွဲလေးတွေတက်ရင်းနဲ့ မအားမလပ်ကိုရှိနေခဲ့ရပါတယ်နော်။
သူမဟာလက်ရှိမှာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင် တွေနဲ့ အတူ အပေးအယူ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက် ဇာတ်ကားရဲ့ ကန်တော့ပွဲပေးပွဲကို တက်ရောက်လာခဲ့တာကိုတွေ့ရပါတယ်နော်။ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးနဲ့ ကန်တော့ပွဲပေးပွဲလေးကို တက်ရာက်လာခဲ့တာပဲဖြစ်ပြီးတော့ ပရိတ်သတ်တွေ အားလုံးလည်ပြန်ငေးရတဲ့ အထိကျက်သရေရှိလွန်းနေခဲ့ပါတယ်နော်။ကဲ့... မြတ်လေးတစ်ယောက် ပွဲတက်လာခဲ့တဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Aye Myat Thu
Photo Crd : Amazing Grace
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။